
နိုင်ငံခြားသူလေးကို လက်ထပ်ယူခဲ့ပြီး ချစ်လွန်းလို့ အိမ်လိုက်နေခဲ့ရာမှ ကွာရှင်းကာ မောင်းထုတ်ခံလိုက်ရသောကြောင့် သွားစရာမရှိဘဲ လမ်းဘေးတွင် နေထိုင်နေရသည့် အမျိုးသား
ဖူးစားဆိုသော အရာတစ်ခုကြောင့်ပင် လူသားအချို့ဟာ ရေခြားမြေခြား ဝေးကွာလှသော ဒေသမှ ချစ်သူများနှင့်ဆုံတွေ့တတ်ကြပါတယ်။အချစ်၏ဆန်းကြယ်မှုတွေနှင့်အတူ ယဥ်ကျေးမှုမတူညီလှသော် လက်ထပ်ကာ ဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့တာဟာ စစ်မှန်တဲ့ အချစ်ကြောင့်ပင်ဖြစ်ပါတယ်။
ထို့ကြောင့်ပင် ဘယ်ဂျီယံနိုင်ငံမှ အမျိုးသားတစ်ဦးဟာလည်း ဖိလစ်ပိုင်နိုင်ငံမှ ကောင်မလေးတစ်ဦးနှင့် ဆုံတွေ့ကာ လက်ထပ်ယူခဲ့တာဖြစ်ပါတယ်။ထို့နောက်တွင် ဖိလစ်ပိုင်နိုင်ငံတွင် ဇနီးနှင့်အတူလိုက်လံနေထိုင်ခဲ့သော်လည်း အခြေအနေတစ်ခုကြောင့် ဇနီးမှကွာရှင်းကာ အိမ်ပေါ်မှနှင့်ချခဲ့ပါတယ်။
အမျိုးသားဟာ သွားစရာ နေရာမရှိသည့်အပြင် စားစရာလည်းမရှိဖြစ်နေခဲ့ပြီး သနား၍လာရောက်ကျွေးမွေးသူများကို အိမ်ပြန်နိုင်ရန် ကူညီပေးဖို့ တောင်းဆိုနေခဲ့ရပါတယ်။
Zawgyi
Leave a Reply