
နိုင်ငံခြားတွင် ၃ နှစ်ကြာသွားရောက် အလုပ်လုပ်ကိုင်နေခဲ့ပြီး မိဘနှစ်ပါးအား အသိမပေးပဲ အိမ်ပြန်လာပြီး ပျော်ရွှင်စေခဲ့သော သားလိမ္မာလေး
လူရယ်လို့ဖြစ်လာလျှင် အလုပ်ဆိုတာ လူတိုင်းမှာ ရှိသင့်ပြီး အများစုကတော့ နယ်ဝေးရပ်ခြားတွင် မိသားစုများနှင့် ခွဲကာ ဝင်ငွေရရန် အလုပ်သွားရောက် လုပ်ကိုင်ကြသည်။ထိုသို့ အဝေးမှာ အလုပ်လုပ်ကိုင်နေသူများအဖို့ မွေးရပ်မြေမှ ကျန်ရစ်ခဲ့သော မိသားစုများမှ သတိရ စိတ်ပူကြသလို ကိုယ်ကိုယ်တိုင်ကလည်း အိမ်ကို လွမ်းဆွတ် သတိရပြီး အမြန်ဆုံးပြန်လာချင်ကြမှာ အမှန်ပါ။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ လူငယ်တစ်ဦးသည် မိဘနှစ်ပါးနှင့်ခွဲကာ စားဝတ်နေရေးအတွက် ဂျပန်နိုင်ငံသို့ ၃နှစ်ကြာသည်ထိ သွားရောက်အလုပ်လုပ်ကိုင်ခဲ့သည်။
ဖုန်းနှင့်သာ အဆက်အသွယ်လုပ်ခဲ့ပြီး အလုပ်ကြိုးစားခဲ့ပြီးနောက် တစ်နေ့တွင် ကောင်လေးသည် အိမ်သို့ပြန်လာရန် ဆုံးဖြတ်ခဲ့ရာ မိဘနှစ်ပါးအား အံ့အားသင့်သွားအောင် အကြောင်းမကြားပဲ အပြီးပြန်လာခဲ့သည်။အိမ်သို့ရောက်သောအခါ ဖခင်နှင့် တွေ့ရှိပြီး အကြောင်းမကြားပဲ ပြန်လာသည်ဟု ဆိုကာ ငယ်ငယ်တုန်းကလို ပွေ့ဖက်မတင် လိုက်ပြီး မိခင်ဖြစ်သူရှိရာ ဈေးထဲသို့ အမြန်သွားခဲ့သည်။
ကောင်လေးသည် ဈေးရောင်းနေသော မိခင်ဖြစ်သူအား ငါးတစ်ကောင် ဘယ်လောက်လဲ ဆိုပြီး စနောက်မေးခဲ့ရာ မိခင်ဖြစ်သူမှာလည်း ဂျပန်သို့ သွားစဉ်က ငယ်ရွယ်သေးသော်လည်း လူကြီးအဖြစ် ပြန်လာသော ရုပ်ပုံကြောင့် မမှတ်မိပဲရှိနေခဲ့သည်။နောက်တော့မှ ကောင်လေးသည် ငါးစိမ်းသည် မိခင်အား ပွေ့ဖက်လိုက်ခါမှ သူမဧ။် သားလေးဖြစ်နေမှန်း သိခဲ့၍ ဝမ်းသာသွားခဲ့သည်။
Zawgyi
ႏိုင္ငံျခားတြင္ ၃ ႏွစ္ၾကာသြားေရာက္ အလုပ္လုပ္ကိုင္ေနခဲ့ၿပီး မိဘႏွစ္ပါးအား အသိမေပးပဲ အိမ္ျပန္လာၿပီး ေပ်ာ္႐ႊင္ေစခဲ့ေသာ သားလိမၼာေလး
လူရယ္လို႔ျဖစ္လာလွ်င္ အလုပ္ဆိုတာ လူတိုင္းမွာ ရွိသင့္ၿပီး အမ်ားစုကေတာ့ နယ္ေဝးရပ္ျခားတြင္ မိသားစုမ်ားႏွင့္ ခြဲကာ ဝင္ေငြရရန္ အလုပ္သြားေရာက္ လုပ္ကိုင္ၾကသည္။ထိုသို႔ အေဝးမွာ အလုပ္လုပ္ကိုင္ေနသူမ်ားအဖို႔ ေမြးရပ္ေျမမွ က်န္ရစ္ခဲ့ေသာ မိသားစုမ်ားမွ သတိရ စိတ္ပူၾကသလို ကိုယ္ကိုယ္တိုင္ကလည္း အိမ္ကို လြမ္းဆြတ္ သတိရၿပီး အျမန္ဆုံးျပန္လာခ်င္ၾကမွာ အမွန္ပါ။
ယခုအခါတြင္လည္း ဗီယက္နမ္ႏိုင္ငံမွ လူငယ္တစ္ဦးသည္ မိဘႏွစ္ပါးႏွင့္ခြဲကာ စားဝတ္ေနေရးအတြက္ ဂ်ပန္ႏိုင္ငံသို႔ ၃ႏွစ္ၾကာသည္ထိ သြားေရာက္အလုပ္လုပ္ကိုင္ခဲ့သည္။
ဖုန္းႏွင့္သာ အဆက္အသြယ္လုပ္ခဲ့ၿပီး အလုပ္ႀကိဳးစားခဲ့ၿပီးေနာက္ တစ္ေန႔တြင္ ေကာင္ေလးသည္ အိမ္သို႔ျပန္လာရန္ ဆုံးျဖတ္ခဲ့ရာ မိဘႏွစ္ပါးအား အံ့အားသင့္သြားေအာင္ အေၾကာင္းမၾကားပဲ အၿပီးျပန္လာခဲ့သည္။အိမ္သို႔ေရာက္ေသာအခါ ဖခင္ႏွင့္ ေတြ႕ရွိၿပီး အေၾကာင္းမၾကားပဲ ျပန္လာသည္ဟု ဆိုကာ ငယ္ငယ္တုန္းကလို ေပြ႕ဖက္မတင္ လိုက္ၿပီး မိခင္ျဖစ္သူရွိရာ ေဈးထဲသို႔ အျမန္သြားခဲ့သည္။
ေကာင္ေလးသည္ ေဈးေရာင္းေနေသာ မိခင္ျဖစ္သူအား ငါးတစ္ေကာင္ ဘယ္ေလာက္လဲ ဆိုၿပီး စေနာက္ေမးခဲ့ရာ မိခင္ျဖစ္သူမွာလည္း ဂ်ပန္သို႔ သြားစဥ္က ငယ္႐ြယ္ေသးေသာ္လည္း လူႀကီးအျဖစ္ ျပန္လာေသာ ႐ုပ္ပုံေၾကာင့္ မမွတ္မိပဲရွိေနခဲ့သည္။ေနာက္ေတာ့မွ ေကာင္ေလးသည္ ငါးစိမ္းသည္ မိခင္အား ေပြ႕ဖက္လိုက္ခါမွ သူမဧ။္ သားေလးျဖစ္ေနမွန္း သိခဲ့၍ ဝမ္းသာသြားခဲ့သည္။
Leave a Reply