
နိုင်ငံခြားတွင် အင်ဂျင်နီယာအနေဖြင့် အလုပ်လုပ်ပြီးဆွေမျိုးများကို ပိုက်ဆံပို့ပေးခဲ့သော်လည်း ပြန်လာသောအခါ ဆွေမျိုးများက လက်မခံ၍ လမ်းဘေးတွင်သာနေထိုင်ခဲ့ရသည့် အမျိုးသား
အချို့လူသားများ၏ ဘဝအဆင်မပြေ ခက်ခဲမှုသည် ကံကိုသာ အပြစ်ပုံချရမလိုပင် ဖြစ်နေခဲ့ရပါတယ်။ဖိလစ်ပိုင်နိုင်ငံမှ Romeo Ordazဆိုသည့် အမျိုးသားတစ်ဦးသည် ဆော်ဒီနိုင်ငံတွင် အင်ဂျင်နီယာ တစ်ဦးအနေဖြင့် သွားရောက်ကာ အလုပ်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
သူ၏မိဘများဟာ ဆုံးပါးသွားခဲ့ပြီဖြစ်သောကြောင့် နိုင်ငံခြားမှ အလုပ်လုပ်၍ရရှိလာသော ပိုက်ဆံများအားလုံးကို ဆွေမျိုးတို့ဆီသာ ပုံမှန်လွဲပေးခဲ့တာဖြစ်ပါတယ်။တစ်နေ့တွင် အကြောင်းတစ်ခုကြောင့် အလုပ်ရပ်နားခဲ့ရပြီး ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ ပြန်လာသောအခါ ဆွေမျိုးများက လက်ခံတွေ့ဆုံခြင်းမပြုဘဲ အဆက်အသွယ်ဖြတ်သွားခဲ့ပါတယ်။
ထို့ကြောင့်အမျိုးသားဟာ အိမ်ခြေရာမဲ့တစ်ဦးအနေဖြင့် ဘဝကို ဖြတ်သန်းနေခဲ့ရပြီး လမ်းဘေးတွင်နေရသည့် ဘဝကိုရောက်ရှိသွားခဲ့ရပါတယ်။ထိုအကြောင်းကို လူတစ်ဦးက မေးမြန်းကြည့်ရမှ သိရှိခဲ့ရခြင်းဖြစ်ပါတယ်။
Zawgyi
Leave a Reply