
နားရွက်လေးခုဖြင့် မွေးဖွားလာခဲ့တဲ့ ရှားပါးကြောင်လေး
Yoda လို့ခေါ်တဲ့အိမ်မွေးတိရိစ္ဆာန်ကြောင်လေး ဟာ အပိုနားရွက်များဖြင့်မွေးဖွားလာခဲ့ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်လောက်က online ရဲ့အာရုံစူးစိုက်မှုကိုရရှိခဲ့ပြီးနောက် မကြာသေးခင်ကမှ Yoda ဟာ online ပေါ်မှာတစ်ဖန်ထွက်ပေါ်လာခဲ့ပါတယ်။
Yoda ရဲ့ပိုင်ရှင်များဖြစ်ကြတဲ့ Valerie နှင့် Ted Rock တို့ဟာ ဘားဆိုင်အနီးမှာရှိတဲ့ ရှစ်ပတ်အရွယ်သာရှိသေးတဲ့ကြောင်ကလေးတွေထဲမှ အသေးဆုံးဖြစ်တဲ့ကြောင်တစ်ကောင်ကိုရွေးထုတ်ပြီး အိမ်သို့ခေါ်ဆောင်လာခဲ့ကြတာပါ။သူတို့ဟာ Yoda ကိုဆေးစစ်ရန် ခေါ်ဆောင်သွားတဲ့အခါ ဒေသခံတိရိစ္ဆာန်ဆရာဝန်များက မှင်တက်သွားခဲ့ကြပါသေးတယ်။
Yoda ရဲ့အပိုနားရွက်များက အခြားကြောင်တွေထပ် နှစ်ဆပိုကြားရအောင် ကူညီမပေးပါဘူး။နားရွက်အပိုတစ်ခုက နားရွက်အစစ်ရဲ့အခြားနောက်ကွယ်မှ အနည်းငယ်သာနေရာယူထားခဲ့ပြီး သူ့ရဲ့ဦးနှောက်သွေးကြောလမ်းကြောင်းနှင့် ဆက်သွယ်နေခြင်းမရှိကြောင်း ဆရာဝန်များက ဖော်ပြခဲ့ပြီး ၎င်းက မျိုးရိုးဗီဇကြောင့်သာ ဖြစ်ကြောင်းလည်း ဆိုခဲ့ကြပါတယ်။
Zawgyi
Leave a Reply