
နားရက်ယူခြင်းဟာသင့်ကိုပျော်စေရုံသာမကပဲအလုပ်စွမ်းဆောင်ရည်ကိုလည်း မြင့်တက်စေပါတယ်။
အမေရိကန် အင်ဒီယာနာပိုလစ် ဆင်ခြေဖုံးဒေသမှာနေထိုင်တဲ့ အိမ်ထောင်သည်တွေအတွက်တော့ အားလပ်ရက်များများယူခြင်းဟာကျန်းမာရေးထိန်းသိမ်းမှုဖြစ်စေရုံသာမက၊ စိတ်ကိုလည်း အနားကောင်းကောင်းရစေတယ်ဆိုတာကို ဆရာဝန်တွေက သိထားပြီးဖြစ်ပါတယ်။
‘အနားယူ၊ အပန်းဖြေ၊ စိတ်ဖိစီးမှုလျှော့ တာတွေဟာလူတစ်ယောက်ကျန်းမာနေဖို့အတွက် အလွန်အရေးကြီး တဲ့အရာတွေပါ။ နေ့စဉ် လှုပ်ရှားမှုတွေ ဆောင်ရွက်နေတုန်းမှာပဲအနားယူ၊ အပန်းဖြေ၊ စိတ်ဖိစီးမှုလျှော့ စတာတွေကိုအောင်မြင်အောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အားလပ်ရက်ဆိုတာကလည်းအလွန်အရေးပါတဲ့ အချက်တစ်ခုပါပဲ။ စိတ်ဟာအလွန်အစွမ်းထက်တယ် ဆိုတာကိုလည်းသိထားပြီးဖြစ်ကြပါတယ်။ စိတ်က ကုစားမှုတွေကိုစွမ်းဆောင်ပေးနိုင်တယ်။ ဒီတော့ကာ အနားယူထားတဲ့၊ အပန်းဖြေထားတဲ့စိတ် ဟာ ခန္ဓာ ကိုယ်ရဲ့ကုစားမှုကိုပိုစွမ်းဆောင်စေတယ်။ ’ လို့ နယူးယောက်မြို့ မှ ဒေါက်တာနာတာရှာ ဝတ်တား ကပြော ပါတယ်။ အနားယူခြင်းကြောင့် တိုးတက်လာမယ့် ကျန်းမာရေးအချက်အလက်နဲ့ နှလုံးရောဂါ အန္တရယ်ကျ ဆင်းမှု တို့ကိုလည်း ဒေါက်တာနာတာရှာ ဝတ်တားက စာရင်းပြုခဲ့ပါသေးတယ်။
‘အားလပ်ရက်ယူတာတစ်ရက်လေးပဲဖြစ်ပါစေဦးတော့အနားယူပြီးတဲ့နောက်မှာလူအတော်များများဟာပိုကောင်းတဲ့ အမြင်တွေရလာပြီး၊ ရည်မှန်းချက်ကိုရောက်နိုင်ဖို့ တွန်းအားတွေပို ဖြစ်လာတယ်။’ လို့ စိတ်ပညာရှင် ဒေါက်တာဖရန်ဆင်းန် လဒ်ဒါအာကပြောခဲ့ပါတယ်။
‘နားရက်အတွင်းမှာအချိန်ဇယားနဲ့ပတ်သက်လို့ မတွေးဖြစ်ဘူး၊ ဘယ်သွားရမယ် ဘယ်လာရမယ်ဆိုတာလဲ မတွေးဖြစ်ဘူး၊ တစ်ခုခုလုပ်လိုက်လို့ အကျိုးဆက်ကဘာဖြစ်လာမလဲဆိုတာလည်းမတွေးဖြစ်ဘူး။
အားလပ်ရက်ခရီးတစ်ခုကပြန်လာပြီးရင် နေလို့ထိုင်လို့ကောင်းနေတာ၊ အကြံဉာဏ်တွေ ဆန်းသစ်နေ တာကိုအမြဲတွေ့ရတယ်။’ လို့ရေးလ်ဆိုသူကပြောပါတယ်။
‘ကျွန်တော်တို့လောက်အလုပ်ရှုပ်တဲ့ကျွန်တော်တို့ဟာမိသားစုနဲ့ရှိနေချိန်လေးကိုတော့ အဖိုးမဖြတ်ရက်ပါဘူး။ အကောင်းဆုံးရလိုက်တဲ့ အကျိုးအမြတ်ကတော့ အလုပ်နဲ့ဝေးရာမှာနေပြီး အချိန်ဖြုန်းလိုက်တာပါပဲ။’ လို့လည်းဘရေ့စ်ဆိုသူကပြောပါတယ်။
အားလပ်ရက်ယူ၊ နားရက်ယူဖို့ အချိန်မရှိဘူး၊ အခွင့်အလမ်းမရှိဘူးဆိုရင်တော့ စိတ်အေးအေးထားတတ်တဲ့၊ စိတ်ငြိမ်းချမ်းစွာနေတတ်တဲ့ ခံစားမှုတွေကိုထုတ်ပေးတဲ့ ဦးနှောက်ဆက်သွယ်မှု တွေဟာအားနည်းလာပါ လိမ့်မယ်။ စိတ်ဖိစီးမှုနည်းတဲ့ စိတ်အခံနဲ့လုပ်ကိုင်တတ် ဖို့လည်းတကယ့်ကိုခဲယဉ်းလာပါလိမ့်မယ်။ လူ့ခန္ဓာ ကိုယ်တွေဟာကုန်သွားတဲ့အရာတွေကို ပြန်လည်ဖြည့်တင်းဖို့ နားချိန်ဆိုတာလိုအပ်ပါတယ် လို့ ဦးနှောက် သိပ္ပံပညာရပ်ကလည်းဆိုထားပါတယ်။ လုံလောက်တဲ့ ပြန်လည်ဖြည့်တင်းမှုကို ခန္ဓာကိုယ်ကရဖို့ဆို ရင်တော့ ပြင်ပကစိတ်ဖိစီးရတဲ့ အရာတွေကနေလွတ်ကင်းနေမှ ပဲဖြစ်တော့မှာပါ။
Leave a Reply