
Lisa Leeရဲ့ယောကျ်ား Lewis Little ၂၅နှစ်မှာ ရှားပါးတဲ့နှလုံးရောဂါ (Brugada syndrome) ရှိတာသိပေမယ့် ဒေါက်တာရဲ့စိတ်ပူစရာမလိုဘူးဆိုတဲ့စကားကို သူတို့ယုံကြည်ခဲ့ကြတယ်။
”Lewisအချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့နေရမယ်လို့ ကျွန်မတို့သူ့ကိုပြောခဲ့ပေမယ့် စစ်ဆေးချက်မှာ ချို့ယွင်းချက်တွေ့ပြီး တစ်နှစ်ကြာတော့ဆုံးသွားခဲ့တယ် ” ”ကျွန်မတို့အိပ်နေတုန်း သူဟောက်နေတာနဲ့ နားငြီးတယ်လို့ပြောပြီး ကျွန်မသူ့ကို အိပ်ရာပေါ်ကကန်ချမိလိုက်တယ် ..ဒါပေမယ့် အိပ်ရာခင်းကစိုနေတော့ တစ်ခုခုဖြစ်နေပြီဆိုတာ ကျွန်မသိလိုက်တယ် မီးဖွင့်ကြည့်တော့ သူ့မျက်နှာက ခရမ်းရောင်သန်းနေပြီး အသက်မရှုတော့ဘူး အရေးပေါ်ဆေးရုံကားခေါ်ပြီးတဲ့ အချိန်မှာ ဒါနောက်ဆုံးပဲလို့ ကျွန်မစိတ်ထဲခံစားမိခဲ့တယ်။
ဆေးရုံရောက််တော့ သူဆုံးသွားပြီလို့ ကျွန်မကိုပြောတယ်..နောက်မှ သူဟောက်နေတဲ့ အသံက နှလုံးရောဂါကြောင့် အသက်ရှုမဝဖြစ်နေတဲ့အသံဆိုတာ ကျွန်မသိသွားတယ်။ Lewis ဆုံးသွားတာ ကျွန်မနဲ့ Tyler အတွက် ကံဆိုးမိုးမှောင်ကျတာပဲဒီလင်မယားဟာ Ashington,Northumberland မှာနေထိုင်ပြီး Wansbeck ဆေးရုံနဲ့ Freeman ဆေးရုံကို ပုံမှန်သွားပြီး Lewisရဲ့အခြေအနေကို ဆေးစစ်ကြပါတယ်..
ဒါပေမယ့် သူတို့ကစိတ်ပူစရာမလိုဘူးလို့ပြောခဲ့တယ်တဲ့ Lewisဟာ အေဂျင်စီအလုပ်သမားတစ်ယောက်ဖြစ်ပြီး သာမာန်ဘဝနဲ့ပဲ မိသားစုနဲ့ပျော်ရွှင်စွာနေထိုင်သွားပေမယ့် ပြီးခဲ့သည့်နှစ် သြဂုတ်လမှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားခဲ့ပါတယ်။”ICD fitted သာတက်ထားရင် ကျွန်မယောကျ်ားဘဝကိုကယ်တင်နို်င်မယ်လို့ထင်တယ် အခြားနှလုံးရောဂါကိုခံစားနေရတဲ့လူတွေလည်း အခြေအနေဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ICD fittedတက်ထားပေးဖို့ ပြောချင်ပါတယ်.. syndromeက အသံတိတ်လူသတ်သမားပါ။
ကျွန်မကိုယ်တိုင်ကြုံတွေ့လိုက်ရမှ ဒီရောဂါရဲ့သဘောတရားကို သေချာနှံနှံစပ်စပ်သိသွားခဲ့တယ်” ”ဘဝကအရမ်းတိုတောင်းတယ်..ကျွန်မတကယ်ဦးနှောက်မရှိခဲ့တာ .. ကိုယ့်ယောကျာ်းရဲ့အခြေအနေကိုသိရက်သားနဲ့ နမော်နမဲ့နိုင်မှုတွေက ကျွန်မကိုသင်ခန်းစာပေးသွားတယ်..”
Leave a Reply