နာရီပေါင်း ၇၀ အကြာ စားပွဲထိုးလုပ်ခဲ့ပေမဲ့လည်း ဒေါ်လာ ၉.၂၈သာ လစာရတဲ့အကြောင်းကို ပြန်လည်မျှဝေခဲ့တဲ့ single mother တစ်ဦး

နာရီပေါင်း ၇၀ အကြာ စားပွဲထိုးလုပ်ခဲ့ပေမဲ့လည်း ဒေါ်လာ ၉.၂၈သာ လစာရတဲ့အကြောင်းကို ပြန်လည်မျှဝေခဲ့တဲ့ single mother တစ်ဦး

စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ဖို့ဆိုတာ ဘယ်တော့မှ မလွယ်ကူပါဘူး။၎င်းအလုပ်ကို လုပ်ခဲ့ဖူးတဲ့ လူတွေကလည်း အမြဲသက်သေပြနေပါလိမ့်မယ်။ထို့အပြင် အချိန်ဇယားတွေက အမြဲရှုပ်ထွေးနေတတ်ပြီး customer တွေရဲ့ဝယ်လိုအားကိုလည်း အမြဲမြင့်တင်ပေးနေရတတ်သလို လစာကလည်း အတော်အတန်ကို နည်းနေပါလိမ့်မယ်။

တက္ကဆက်ပြည်နယ် မှ Aaliyah Cortez အမည်ရှိမိခင်တစ်ဦးဟာ နာရီပေါင်း ၇၁ နာရီအကြာ အဖျော်ယမကာနှင့် server မှာ အလုပ်လုပ်ခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရင်းများကို ပြန်လည်မျှဝေပေးဖို့ TikTok မှာ ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။သူမရဲ့အဆိုအရ သူမဟာ တစ်နာရီကို ဒေါ်လာ ၂.၁၃ ဝင်ငွေရရှိသော်လည်း လူမှုဖူလုံရေး ၊ ဆေးဝါးခ နှင့် ဝင်ငွေခွန်တို့ကြောင့် လစာကို ဒေါ်လာ ၉.၂၈ ကိုသာ အိမ်သို့ယူပြန်ခဲ့ရပါတယ်။

Aaliyah Cortez က စားသောက်ဆိုင်မှာ မိခင်တစ်ယောက်ဖြစ်တဲ့ဝန်ထမ်းလုပ်ရတာက အခုချိန်မှာ သူမအတွက် အခက်အခဲဆုံးဖြစ်စေပြီး သူမရဲ့သားလေးနဲ့အတူ အချိန်ဖြုန်းချင်ပေမဲ့ single mother ဖြစ်နေလို့ ဝမ်းရေးအတွက် ပိုက်ဆံရှာနေရကြောင်း ဆိုပါတယ်။

“ ရိုးရိုးသားသားပြောရရင် ကျွန်မ ချက်လက်မှတ်ကို ဖွင့်ကြည့်တိုင်း ရယ်ချင်နေမိတယ်၊ လစာထုတ်တဲ့ညက ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မတို့က ကိုယ့်ရဲ့ချက်လက်မှတ်ကို အချင်းချင်းပြပြီး ဘယ်သူက အနည်းဆုံးလဲဆိုတာကို စစ်ဆေးပြီး ရယ်မောနေခဲ့ကြသေးတယ် ” လို့ Aaliyah က ထပ်မံပြောပြခဲ့ပါတယ်။

Aaliyah ဟာ သူမရဲ့လစာအကြောင်းကို မျှဝေခဲ့ပြီးနောက် သူမအလုပ်ကို နှစ်သက်ကြောင်း အမြန်ထောက်ပြပြောဆိုနေခဲ့ပေမဲ့လည်း သူမရဲ့အရေးပေါ်အခြေအနေမှာ ပိုက်ဆံအလုံအလောက်ရရှိနိုင်ဖို့အတွက် တည်ငြိမ်စွာနဲ့ တသမတ်တည်း လစာရရှိရန် အထူးမျှော်လင့်နေခဲ့ပါတယ်။၎င်းကိစ္စတွေကြောင့် သူမက customer တွေပေးတဲ့ tip တွေကိုသာ မှီခိုနေရကြောင်း ဆိုခဲ့ပါတယ်။

ထို့အပြင် Aaliyah က “ မိခင်အချင်းချင်းအတွက် ကျွန်မရဲ့အကြံဉာဏ်တွေက စိတ်ပျက်စရာကောင်းနေတယ် ၊ တစ်ယောက်ထဲဖြစ်နေတဲ့ အမေအတွက်ကတော့ အချိန်ပြည့်အလုပ်ဘဲရှိတယ် ၊ ဒါကြောင့် သူတို့ကို ကျွန်မထောက်ပံ့ပေးနေတာကို သိစေချင်တယ် ” လို့ မိခင်အားလုံးကို ကောင်းတဲ့အကြံမဟုတ်ဘဲ သူမရဲ့လစာကိစ္စနဲ့ပတ်သက်ပြီး ဝေမျှပေးခဲ့ရတာကို စိတ်မကောင်းဖြစ်ခဲ့ကြောင်းကို ပြောဆိုနေခဲ့ပါသေးတယ်။

Aaliyah ရဲ့ ၎င်း TikTok ဗီဒီယိုက လူသိများသွားခဲ့ပြီးနောက် netizen တွေကနေ ရောထွေးတဲ့တုံ့ပြန်ချက်များစွာရရှိခဲ့ပါတယ်။လူအချို့က ၎င်းကို တမင်drama ခင်းနေတာ လို့ဆိုခဲ့ကြသလို အချို့ကလည်း စားသောက်ဆိုင်ရဲ့နည်းစနစ်တွေကို ရှုံချပြောဆိုနေခဲ့ကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*