
ရုရှားနိုင်ငံ St. Petersburg မြို့မှာနေထိုင်တဲ့အမည်မသိအမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူက သူ့ခွင့်ပြုချက်မရဘဲ နာမည်ပြောင်းလိုက်လို့ သူမရဲ့အဖိုးတန်ကားထဲကို ကွန်ကရစ်များဖြင့်အပြည့်ဖြည့်ရင်း သင်ခန်းစာပေးခဲ့ပါတယ်။
အဆိုပါအမျိုးသားရဲ့ ကွန်ကရစ် truckကားတစ်စီးကို ခေါ်ပြီး ဇနီးဖြစ်သူရဲ့အဖိုးတန်ကားကို ပျက်စီးပစ်ခဲ့တဲ့ ဗီဒီယိုက social media မှာ အတော်လေး လူပြောများသွားခဲ့ပါတယ်။သူနဲ့သူ့ရဲ့ဇနီးက စကားများခဲ့ကြပေမဲ့ ဇနီးဖြစ်သူက သူမရဲ့နာမည်ကို ဒေသခံစူပါမားကတ်ရဲ့အရောင်းမြှင့်တင်ရေးအစိတ်အပိုင်းတစ်ခုအဖြစ် ခင်ပွန်းရဲ့တရားဝင်ခွင့်ပြုချက်မရဘဲ ပြောင်းလဲခဲ့ပါတယ်။
Veniy စူပါမားကတ်က သူတို့ရဲ့နာမည်တွေကို ကုန်အမှတ်တံဆိပ်အဖြစ် တရားဝင်ပြောင်းချင်တဲ့သစ္စာရှိဖောက်သည်များအား တစ်လကို ရူဘယ် ၅၀,၀၀၀( ၁၁သိန်းကျော်)ပေးဖို့ ကမ်းလှမ်းနေပြီး အဆိုပါအမျိုးသားရဲ့ဇနီးက သူ့နဲ့ပထမဆုံးတိုင်ပင်ခြင်းမလုပ်ဘဲ ကမ်းလှမ်းချက်ကို အားသာချက်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီအကြောင်းကြောင့် ခင်ပွန်းဖြစ်သူက မကျေမနပ်နဲ့ ကွန်ကရစ် truck ကားတစ်စီးကိုနောက်ဆုတ်ခိုင်းပြီး စူပါမားကတ်ရှေ့မှာရပ်ထားတဲ့ဇနီးရဲ့ကားတံခါးပေါက်ထဲကို ဗီဒီယိုထဲကအတိုင်း ကွန်ကရစ်ရည်တွေ သုတ်ထည့်ပစ်ခဲ့ပါတယ်။ဗီဒီယိုထဲကအရ ခင်ပွန်းဖြစ်သူကတော့ ပြုံးပျော်နေပုံရပြီး ကွန်ကရစ် truck ကားဆရာကလည်း နောက်ဆက်တွဲ ပြဿနာတွေကို သိပ်ပြီး ခေါင်းထဲမထားပုံပါဘဲ။
အဆိုပါဗီဒီယိုကို လမ်းသွားလမ်းလာတစ်ဦးက ရိုက်ယူထားခဲ့ပြီး social media မှာ ဝေမျှပေးခဲ့ပြီးနောက် လူတော်တော်များများက ၎င်းက စျေးကွက်ရှာဖွေရေးအတွက် စူပါမားကတ်မှ ပြက်လုံးတစ်ခုသာဖြစ်တယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။လင်မယားကြား စကားများရန်ဖြစ်ကြတာတွေက သာမန်ဘဲဆိုပေမဲ့ ဒီရုရှားလင်မယားရဲ့ရန်ဖြစ်နည်းကတော့ အထူးအဆန်းပါဘဲဗျာ။
Leave a Reply