
နဂိုလှပြီးသားကို ပိုလှချင်လို့ အဆီကျဆေးများကို ၇နှစ်အထိသောက်ခဲ့ရာမှ ပေါင်တစ်ရာလောက်ပိုဝလာသည့်အပြင် အစာအိမ်ပါခွဲစိတ်ကုသခဲ့ရသည့် ကောင်မလေး
တရုတ်နိုင်ငံ Sichuanပြည်နယ် Yibinမြို့တွင်နေထိုင်သော Xiaoliဟုအမည်ရသည့်ကောင်မလေးဟာ အဆီကျလှပစေသည့်ဆေးများကို သောက်သုံးခဲ့တာကြောင့် ဆေးရုံတက်ခဲ့ရတာဖြစ်ပါတယ်။အသက်၂၅နှစ်အရွယ်ရှိနေပြီဖြစ်သည့် Xiaoliဟာ အသက်၁၈နှစ်အရွယ်မှစကာ ခန္ဓာကိုယ်လှပမှုကို အမြဲထိန်းသိမ်းထားနိုင်ရန်အတွက် အဆီကျစေများကို သောက်သုံးခဲ့ပါတယ်။
ထို့နောက်၇နှစ်ကြာ သောက်သုံးပြီးသောအခါ ကောင်မလေးဟာ ပေါင်တစ်ရာလောက်ပိုဝလာခဲ့သည့်အပြင် အစာအိမ်ပါပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။ထို့ကြောင့် ဆေးရုံသို့အရေးပေါ်သွားရောက်ခဲ့ပြီးနောက်တွင် ကောင်မလေးဟာ အစာအိမ်ကိုပါ ခွဲစိတ်ပြီး ကုသခဲ့ရတော့တာဖြစ်ပါတယ်။
ဆရာဝန်၏ပြောကြားချက်အရ အဆီကျဆေးများဟာ အစာစားချင်စိတ်ကို လျော့ချပေးသော်လည်း ခန္ဓာကိုယ်အား ပိုပြီးမငြိမ်မသက်ဖြစ်စေသည့် ဆိုးကျိုးများကို ခံစာရခြင်းကြောင့်ဟု သိရပါတယ်။
Zawgyi
Leave a Reply