ဓားပြတိုက်ခံရ၍ ဝမ်းနည်းစွာငိုသွားသော ပိုင်ရှင်အား ပစ္စည်းပြန်ပေးပြီး နှစ်သိမ့်ခဲ့သော မေတ္တာရှင် ဓားပြနှစ်ဦး
ဓားပြတိုက်ခံရ၍ ဝမ်းနည်းစွာငိုသွားသော ပိုင်ရှင်အား ပစ္စည်းပြန်ပေးပြီး နှစ်သိမ့်ခဲ့သော မေတ္တာရှင် ဓားပြနှစ်ဦး
လောကကြီးတွင် လူတိုင်းသည် စားဝတ်နေရေးအတွက် အသီးသီးရုန်းကန်လှုပ်ရှားကြရာ အချို့မှာ အလုပ်ပျင်းပြီး မမောပန်းပဲ အခြားသူများဆီကနေ အလကား အချောင်လိုချင်ကြ၍ မကောင်းမှုတွေကို ကျူးလွန်ကြသည်။
သို့ဖြစ်၍ ပါကစ္စတန်နိုင်ငံမှ လမ်းမပေါ်တွင် ကုန်ပစ္စည်းများ ပို့ဆောင်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်သူ အမျိုးသားတစ်ဦးမှာ ကံဆိုးစွာဖြင့် ဆိုင်ကယ်စီးလာသော အမျိုးသားနှစ်ယောက်ဧ။်နေ့လည်ကြောင်တောင်ကြီးမှာ ဓားပြတိုက်ခြင်းကို ခံလိုက်ရသည်။
ထိုအချိန်တွင်ပဲ အမျိုးသားသည် သူပင်ပင်ပန်းပန်းနှင့် ကြိုးစားပြီး ရှာရထားသော ငွေများအား ဆုံးရှုံးသွား၍ ဝမ်းနည်းစွာ ငိုချပစ်လိုက်သည်။ထိုမြင်ကွင်းကို တွေ့ရှိသွားရသော ဓားပြနှစ်ဦးသည် အမျိုးသားအား သနားသွားပြီး လူဆိုးလည်းလုပ်ချင်တယ် ရက်လည်းမရက်စက်နိုင် ဖြစ်နေရာ ယူထားသော ပစ္စည်းအား ပိုင်ရှင်ထံ ပြန်ပေးခဲ့ပြီး နှစ်သိမ့်အားပေးခဲ့သည်။
ထိုအဖြစ်အပျက်သည် အနီးနားရှိ CCTVမှတ်တမ်းမှ ဖမ်းယူနိုင်ခဲ့ပြီး လူမှုကွန်ယက်တွင် ဓားပြနှစ်ဦးဧ။် လုပ်ရပ်အား လူအများဧ။် အာရုံစိုက် စိတ်ဝင်စားမှုများစွာ ရရှိခဲ့သည်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*