
ဓာတ်ပုံဆရာရိုက်ပေးလိုက်တဲ့ ဓာတ်ပုံတွေကြောင့် သူ့ရဲ့ဘဝတစ်ဆင့်ချိုးပြောင်းလဲသွားခဲ့တဲ့ ခြံစောင့်သမားတစ်ဦး
အင်တာနက်ဟာ ကြောက်စရာကောင်းတဲ့နေရာတစ်ခုလို့ ဆိုနိုင်သလို လူတစ်ယောက်ရဲ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေတဲ့ နေရာလို့လည်း ဆိုလို့ရပါတယ်။မကြာသေးခင်က Yury Vetlugin အမည်ရှိခြံစောင့်တစ်ဦးဟာ အင်တာနက်ကြောင့် သူ့ရဲ့ကြွေးမြီကို ပေးဆပ်နိုင်ခဲ့ပါတယ်။ရုရှားနိုင်ငံ Ufa မှ အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Yury ဟာ သာမန်ဘဝကနေ ထူးကဲတဲ့ဘဝတစ်ခုသို့ ပြောင်းလဲသွားခဲ့ပါတယ်။
Yury ကို မကြာသေးခင်က သူ့ရဲ့ငယ်စဉ်ကလေးဘဝသူငယ်ချင်းဖြစ်တဲ့ ဖက်ရှင်ဓာတ်ပုံဆရာ Roman Filippov က သူ့အတွက် GQ-esque photoshoot လုပ်ပေးခဲ့ပြီးနောက် လူသိများသွားခဲ့ပါတယ်။ Yury ဟာ အခြားလူတွေနဲ့ အနည်းငယ်ကွဲပြားပြီး ခြံစောင့်တွေက ပျင်းရိတယ်လို့ထင်ကြပေမဲ့လည်း သူကတော့ အလွန်ကြင်နာပြီး အလုပ်ကြိုးစားသူဖြစ်ပါတယ်။
Filippov ရဲ့မိခင်နှင့်အဖွားတို့က Yury ကို သူတို့အိမ်မှာ စောင့်ရှောက်ပေးခဲ့တာ နှစ်ပေါင်းများစွာကြာပြီးနောက် သူ့အတွက် ပြည်နယ်အာမခံအိမ်ရာရရှိရန် ကူညီပေးခဲ့ကြပါတယ်။သို့ပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က Yury ဟာ သူ့သူငယ်ချင်းလို့ထင်ရတဲ့လူတွေဆီကနေ အသုံးချခြင်းကို ခံခဲ့ရပါတယ်။သူတို့ဟာ Yuryကို လှည့်စားပြီး ရူပီး၇၀၀,၀၀၀ ( ဒေါ်လာ ၉၃,၃၃၀ ခန့်) ချေးငွေတွေကို သူ့အမည်ဖြင့် ယူပြီး အိမ်တစ်လုံးဝယ်လိုက်ကြပါတယ်။
Yury ဟာ ချေးငွေတွေကို မဆပ်နိုင်သဖြင့် သူ့ရဲ့ပင်စင်နှင့်လစာအပါအဝင် အရာအားလုံးကို ဆုံးရှုံးသွားခဲ့ရပါတယ်။ထို့နောက် ကြွေးရှင်တွေက သူ့ကို ဝေးလံခေါင်သီတဲ့ကျေးရွာတစ်ရွာရှိအိမ်သို့ခေါ်သွားခဲ့ပြီး သူ့အား အလုပ်သမားအဖြစ် ခိုင်းစေခဲ့ကြပါတယ်။လစာရအလုပ်သမားမဟုတ်သလို အစားအစာလည်း ကောင်းကောင်းမစားရတာကြောင့် အရင်က ပြည့်ဖြိုးတဲ့ Yury ဟာ ၃၃ပေါင်အထိ ကိုယ်အလေးချိန်ကျသွားခဲ့ပါတယ်။
ဂိုဏ်းကလည်း သူ့အား ပုံမှန်ရိုက်လေ့ရှိပြီး တစ်ချိန်မှာ သူ့မှာ ပုဆိန်ဖြင့် လိုက်ရင်း Yury ဟာ အသက်လုပြီး ထွက်ပြေးခဲ့ရပါတယ်။ထို့နောက် သူဟာ Filippov ရဲ့မိသားစုရဲ့ လောင်းရိပ်အောက်သို့ ပြန်ရောက်လာခဲ့ရပါတယ်။ Yury ပြန်လာပြီးနောက်မှာ Filippov က သူ့ရဲ့နေ့စဉ်ဘဝကို ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ဓာတ်ပုံတွေက Yury ဟာ အတွင်းနှင့်အပြင်ပါ လှပတဲ့လူတစ်ယောက်ဆိုတာကို အမြဲသတိပေးနေခဲ့ပါတယ်။
ထို့နောက် Filippov ကလည်း idea တစ်ခုရသွားပြီး အလှူငွေကောက်ခံခဲ့တဲ့အပြင် Yury အား GQ-esque photoshoot လုပ်ပေးခဲ့ကာ လူသိများသွားခဲ့ပြီးနောက် အလှူငွေတွေလည်း အဆက်မပြတ်ဝင်လာခဲ့ပါတော့တယ်။နောက်ဆုံးမှာ Yury ဟာ သူ့ရဲ့အကြွေးအားလုံးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။Ufa ရဲ့မြို့တော်ဝန်ကတောင် Yury ရဲ့အကြောင်းကို လေ့လာပြီး သူနှင့် တွေဆုံခဲ့ပါသေးတယ်။ Filippov ကလည်း ၎င်းဟာ သူ့ရဲ့ငယ်သူငယ်ချင်းအား တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှောလင့်နေပါတယ်။
Leave a Reply