ဓာတ်ပုံဆရာတစ်ယောက်ဧ။် ကင်မရာအပေါ် စွဲလန်းနှစ်သက်မှုကို ပုံဖော်ပြထားသည့် နေချင်စဖွယ် သုံးထပ်တိုက်ကြီး
လူသားတို့သည် သူတို့ကြိုက်နှစ်သက်သော အရာများကို အနားမှာအမြဲရှိစေချင်ပြီး တစ်ခုခုလုပ်မည်ဆိုပါက သူတို့ကြိုက်သည့်အရာလေးများကို ထည့်သွင်းတတ်လုပ်ဆောင်ကြသည်။
ယခုအခါတွင်လည်း အိန္ဒိယနိုင်ငံမှ Ravi Hongal အမည်ရှိသော အသက် ၄၉နှစ်အရွယ် အမျိုးသားကြီးသည် ငယ်စဉ်က ဓာတ်ပုံရိုက်ဝါသနာပါပြီး ကင်မရာမန်း ဖြစ်ချင်ခဲ့ရာ ဓာတ်ပုံပညာနှင့်ပက်သက်ပြီး အမြဲလေ့လာခဲ့ရာ ဘဝကိုဓာတ်ပုံရိုက်ရင်းနှင့် ဖြတ်သန်းခဲ့သည်။
နောက်ဆုံးတွင် အမျိုးသားသည် သူဖြစ်ချင်သော ပရော်ဖက်ရှင်နယ် နာမည်ကြီး ဓာတ်ပုံဆရာတစ်ယောက်ဖြစ်လာခဲ့ပြီး ကိုယ်ပိုင် ဓာတ်ပုံစတူဒီယိုထောင်နိုင်ခဲ့ပြီး အလုပ်အကိုင်အတည်တကျဖြစ်၍ အိမ်ထောင်ပြုခဲ့သည်။ထို့နောက် သားသုံးယောက်ရှိလာခဲ့ရာ နာမည်များကို တကယ့်အထင်ကရဖြစ်သည့် ကင်မရာတံဆိပ်ဖြစ်သော Canon,Nikon နှင့် Epson ဆိုပြီး ပေးခဲ့သည်။
နောက်ဆုံးတွင် အမျိုးသားကြီးသည် သူဧ။်ဓာတ်ပုံရိုက်ပညာအပေါ် မည်သို့စွဲလမ်းမှုရှိကြောင်းကို သုံးထပ်အိမ်ကြီးတွင် ကင်မရာပုံများတပ်ဆင်ကာ ကြည့်လိုက်လျှင် အမြင်ဆန်းဆန်းလေးဖြစ်ကာ အမိုက်စားဖြစ်နေသည့် ဒီဇိုင်းဖြင့် ဆောက်လုပ်ခဲ့သည်။ထိုအိမ်ကြီးသည် ညဖက်ဆိုလျှင် ရောင်စုံမီးအလှကြောင့် ကင်မရာပုံကို ပိုပေါ်စေပြီး လူမှုကွန်ယက်တွင် နာမည်ကြီးလာခဲ့သည်။
Zawgyi
Leave a Reply