ဓာတ်ပုံဆရာတစ်ယောက်ဧ။် ကျေးဇူးကြောင့်သူတောင်းစားမလေးဘဝကနေ နာမည်ကြီးမော်ဒယ်ဖြစ်လာခဲ့သော မိန်းကလေး
ဓာတ်ပုံဆရာတစ်ယောက်ဧ။် ကျေးဇူးကြောင့်သူတောင်းစားမလေးဘဝကနေ နာမည်ကြီးမော်ဒယ်ဖြစ်လာခဲ့သော မိန်းကလေး
လောကကြီးတွင် တစ်နေ့တစ်နေ့ဖြစ်ပျက်နေသော လူတို့ဧ။် ကံဇာတာတရားမှာ မတူပဲ ချမ်းသာသူကနေ ဆင်းရဲသားဘဝရောက်ရတာ ရှိသလို ဆင်းရဲသည့်သူကလည်း ချမ်းသာသော ဘဝကို နေ့ချင်းညချင်းပြောင်းလဲနိုင်သည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ Lucbanတွင်နေထိုင်သော Rita Gaviola အမည်ရှိသော အသက် ၁၃နှစ်အရွယ် မိန်းကလေးသည် လမ်းဘေးတွင် တောင်းရမ်းစားသောက်သော အောက်ခြေလူတန်စားဘဝကနေ ဓာတ်ပုံဆရာတစ်ယောက်ဧ။် ဓာတ်ပုံခိုးရိုက်သော ရိုက်ချက်များကြောင့် နာမည်ကြီး မော်ဒယ်မလေးအဖြစ် ရောက်ရှိခဲ့သည်။
Rita ဧ။် ဖခင်ဖြစ်သူသည် မိသားစု စားဝတ်နေရေးအတွက် အမှိုက်လိုက်ကောက်ကာ မိခင်ဖြစ်သူမှာ အိမ်တွင် မောင်လေး ညီမလေးများကို ထိန်းရင်း တစ်နေ့ဝမ်းစာဖြည့်ဖို့အတွက်ပင် ခက်ခဲ၍ ကလေးများလည်း စာသင်ရန် ကျောင်းမတက်နိုင်ခဲ့ပါ။Rita သည် မောင်နှမ ငါးယောက်အနက် အကြီးဆုံးဖြစ်ပြီး စားဝတ်နေရေး ချူရှောင်အောင် လမ်းဘေးတွင် တောင်းရမ်းခဲ့ရာ တစ်ခါတစ်လေ မောင်လေး ညီမလေးအား ကျောပိုးလျက်နှင့် သနားစရာကောင်းလှသည်။
Rita ဧ။် ကံကြမ္မာအပြောင်းအလဲသည် Lucban တွင် ပွဲတော်များကျင်းပခဲ့ရာ ဓာတ်ပုံဆရာတစ်ယောက်မှ ထိုပွဲသို့လာရင်း ဖြူစင်သော အလှတရားနှင့် ဆွဲဆောင်မှုရှိနေသည့် မိန်းကလေးအား ဓာတ်ပုံများ ရိုက်ခဲ့ပြီး လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။
မိန်းကလေးဧ။် ဓာတ်ပုံများသည် အင်တာနက်တွင် အတော်လေး ခေတ်စားခဲ့ပြီး ရိုးရှင်းစင်ကြယ်သော သဘာဝအလှတရားနှင့် ပြည့်စုံသူအဖြစ် ချီးမွမ်းကြပြီး လမ်းဘေးတွင် တောင်းရမ်းစားသောက်သော သူတောင်းစားမလေးဘဝကနေ လွတ်မြောက်ခဲ့ရသည်။
ထိုသို့နာမည်ကြီးလာရင်း အနုပညာရှင်အသိုင်းအဝိုင်းသို့ ဖိတ်ကြားခြင်း ခံရကာ ဇာတ်လမ်းတွဲများတွင် အနည်းငယ်သရုပ်ဆောင်လာရပြီး မော်ဒယ်အဖြစ်လည်း ရပ်တည်နေလျက်ရှိသည်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*