ဒေါ်လာ ၂၅၀ ပေးပြီး “ပရောဖက်ရှင်နယ် ဓာတ်ပုံဆရာ” ကို ရိုက်ခိုင်းမိတဲ့ မိသားစုဝင်တွေရဲ့ရုပ်ပုံရလဒ်

ဒေါ်လာ ၂၅၀ ပေးပြီး “ပရောဖက်ရှင်နယ် ဓာတ်ပုံဆရာ” ကို ရိုက်ခိုင်းမိတဲ့ မိသားစုဝင်တွေရဲ့ရုပ်ပုံရလဒ်

ပြီးခဲ့တဲ့နှစ် မေလက Missouri မိသားစုဝင်တွေဖြစ်တဲ့ Dave နဲ့ Pam Zaring တို့ဟာ လူလတ်ပိုင်းအရွယ် အတွေ့အကြုံရှိတဲ့ဓာတ်ပုံပညာရှင် အမျိုးသမီးတစ် ဦး နဲ့ ပရောဖက်ရှင်နယ် ဓာတ်ပုံရိုက်ကူးဖို့ အဆက်အသွယ်ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က လက်ထပ်ပြီးတဲ့နောက်မှာ သူတို့ဇနီးမောင်နှံက ၎င်းတို့ရဲ့ပထမဆုံးမိသားစုဓါတ်ပုံရိုက်ကူးရန် အချိန်တန်ပြီလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ၁၂နှစ်အရွယ် ကာဒီ၊ နဲ့ ၈နှစ်အရွယ် ကော်နာ၊ နဲ့ Dave ရဲ့ မိခင် ရှာရွန် တို့ဟာ စိန့်လူးဝစ္စမှာရှိတဲ့ လှပတဲ့သစ်တောဥယျာဉ်သို့ ကားမောင်းသွားပြီး ဓာတ်ပုံဆရာမကို ဒေါ်လာ ၂၅၀ အောက်သာ ပေးပြီး ဓာတ်ပုံရိုက်စေခဲ့ပါတယ်။ ဓာတ်ပုံကိုတည်းဖြတ်ဖို့ ရက်သတ္တပတ်အနည်းငယ်အကြာလောက်မှ ပြန်တွေ့မယ်လို့ ပရောဖက်ရှင်နယ် ဓာတ်ပုံဆရာမက ပြောကြားခဲ့ပါတယ်။

သို့ပေမဲ့ ရက်သတ္တပတ်များစွာကနေမှ လ‌ပေါင်းအထိပြောင်းလာခဲ့ပါတယ်။ သူတို့ထင်တာကတော့ အလိမ်ခံရပြီးဆိုပြီး သူတို့ရဲ့ဘ ၀ တွေနဲ့အတူဆက်သွားနေပါတော့တယ်။သို့ပေမဲ့လည်း ပြီးခဲ့တဲ့အပတ်က“ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာ” ဟာ Pam Zarings ကိုဆက်သွယ်ခဲ့ပြီး ဓာတ်ပုံတွေကို တည်းဖြတ်ပြီးပြီဖြစ်ကြောင်း၊ စာ ဖြင့် ပို့မယ်လို့ ပြောခဲ့ပါတယ်။ ကြာသပတေးနေ့မှာ Pam Zarings ဟာဓာတ်ပုံများပါတဲ့ အထုပ်တစ်ခုကို လက်ခံရရှိခဲ့၊ပေမဲ့ သူတို့မျှော်လင့်ထားတဲ့ အတိုင်းတော့ မဟုတ်ခဲ့ပါဘူး။

သူမဓာတ်ပုံတွေကို ပထမဆုံးအကြိမ်ကြည့်ပြီး Pam က “ကျွန်မဒီဘ ၀ မှာ ဒီလိုမျိုး တခါမှ မရယ်ဖူးဘူး” ဆိုပြီး ပြောကြားခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံတွေ မကြာခင်မှာဘဲ ပျံ့နှံ့သွားပြီး တစ်ပတ်မပြည့်ခင် သူတို့ရဲ့ Facebook ပေါ်မှာ အကြိမ်ပေါင်း ၃၀၀,၀၀၀ ကျော် မျှဝေခံခဲ့ရပါတယ်။ သူတို့ရဲ့ပုံတွေကို အွန်လိုင်းပေါ်မှာ အလွန်ရေပန်းစားပြီး ဘယ်လိုတွေများတည်းဖြတ်ထားကြောင်းကိုလည်း စိတ်ဝင်တစားမေးလာကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*