
Sydney မှာနေထိုင်နေတဲ့ အသက် ၂၄ နှစ်ရှိပြီဖြစ်သော မိန်းကလေးဟာ မင်္ဂလာဆောင်ရင် သုံးဖို့စုဆောင်းထားတဲ့ ဒေါ်လာ ၄၂၀၀၀ ကို ဆက်လက်အသုံးမပြုတော့ဘဲ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်စေရေး အဖွဲ့အစည်းအတွက် လှုဒါန်းခဲ့ပါတယ်။
သူမရဲ့ နာမည်ကတော့ Angela Tan ဖြစ်ပြီးတော့ မင်္ဂလာဆောင်မယ့် ရက်ကိုတော့ လာမယ့် ဧပြီလ ၈ ရက်နေ့မှာ သတ်မှတ်ထားတာဖြစ်ပါတယ်။ သူမရဲ့ သတို့သားလောင်းနှင့် အတူ မင်္ဂလာပွဲအတွက် လိုအပ်တာတွေ စီစဉ်ထားရင်း အဲ့ဒီနေ့လေးကို မျှော်နေမိခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ ချစ်သက်တမ်းကတော့ ရှစ်နှစ်တိုင်တိုင်ရှိပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်တုန်းကထဲက စေ့စပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း သမီးရည်းစားတို့ရဲ့ ထုံးစံအတိုင်း အဆင်မပြေမှု့တွေကတော့ ရှိတက်ကြစမြဲပါဘဲ။ သူတို့နှစ်ယောက်ကြားထဲမှာလည်း အဆင်မပြေမှု့တွေရှိခဲ့ပါတယ်။ အဲ့တာကတော့ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလထဲကပါဘဲဆိုပြီး Daily Mail ကို သူမကပြောပြခဲ့ပါတယ်။”အစစအရာရာကတော့ အကောင်းချည်းပါဘဲမဟုတ်ပါဘူး။ သူက ကလေးလိုချင်တယ်။ ညီမက မလိုချင်ဘူး။ ညီမက ခရီးသွားချင်တယ်ဆိုရင် သူက ပိုက်ဆံစုရမယ်ပြောတယ်။သူက ဇာတိဖြစ်တဲ့ အာရှကိုပြန်ပြီး အလုပ်ပြန်လုပ်ချင်တယ်။ညီမကတော့ ဒီမှာဘဲ အလုပ်လုပ်ချင်တယ်”
” သမီးရည်းစားဘဝထဲမှာတွေ့ကြုံရတဲ့ ပြဿနာသေးသေးလေးတွေကို အမှု့မထားဘဲ မေ့ပစ်ထားမယ်ဆိုရင်တော့ တကယ်ဘဝတသက်စာ လက်တွဲမယ့် အချိန်ကျရင်တော့ ပြဿနာအကြီးကြီး ဖြစ်သွားပါလိမ့်မယ်” ဆိုပြီး သူမကပြောပြပါတယ်။သူမရဲ့ ခင်ပွန်းလောင်းဖြစ်သူကလည်း သူတို့နှစ်ယောက်ကြားက အဖြစ်အပျက်တွေကိုနားလည်သဘောပေါက်ထားပါတယ်။ ဒါ့ကြောင့်မို့လို့ သူတို့နှစ်ယောက်ရဲ့ ပြဿနာလေးတွေကို မေ့ဖျောက်နိုင်ဖို့အတွက်ဆိုပြီး မင်္ဂလာပွဲကို အတူတူတိုင်ပင်ပြီး စီစဉ်ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း သူတို့နှစ်ယောက်ကြားက အဖုအထစ်လေးတွေကတော့ မပျောက်ပျက်သွားခဲ့တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ခရစ်စမတ်မှာတော့ နှစ်ယောက်သား ပြတ်စဲခဲ့ပါတော့တယ်။
“နှလုံးသားတစ်ခုလုံးလည်း ရစရာမရှိတော့ပါဘူး။ ဘယ်အရာတွေက ဘယ်လိုဖြစ်ကုန်တာလည်းဆိုတာမသိတော့ဘူးလေ။ မင်္ဂလာပွဲအတွက်ပြင်ဆင်ထားတာတွေကို ဘာလုပ်ပစ်ရမှန်းမသိဖြစ်နေပေမယ့် သူငယ်ချင်းတစ်ယောက်ကတော့ အဲ့ဒီ အရာတွေ၊ ပိုက်ဆံတွေကို ဆုံးရှုံးလိုက်မယ့်အစား ပရဟိတ ပွဲတစ်ပွဲလုပ်လိုက်ရင်ပိုကောင်းမယ်ဆိုပြီးတော့ ပြောပါတယ်။မင်္ဂလာဆောင်အတွက် ကြိုငှားထားတဲ့ ခန်းမကိုလည်း အဲ့ဒီပရဟိတပွဲလုပ်ဖို့အတွက် ခန်းမအဖြစ်ဘဲသုံးလိုက်တော့မယ်လို့ စိတ်ကူးထားပါတယ်”လို့ Angela က ပြောပြခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ လက်ထပ်ပွဲအတွက်ကြိုတင်စုဆောင်းထားတာတွေရှိပြီး မင်္ဂလာဆောင်အတွက် ကုန်ကျထားခဲ့တာကတော့ ဒေါ်လာ ၄၁၆၈၀ ရှိခဲ့ပြီဖြစ်ပါတယ်။ဒါ့ကြောင့် ကျန်ရှိနေတဲ့ ဒေါ်လာတွေကို ပရဟိတပွဲအတွက် အသုံးပြုတော့မှာဖြစ်ပြီး ၄င်းပရဟိတပွဲကတော့ အမျိုးသမီးများရဲ့ နိုင်ငံတကာာအခွင့်အလမ်းများ တိုးတက်လာနိုင်စေရေး အတွက် အလှုကောက်ခံမယ့် ပွဲဘဲဖြစ်ပါတယ်။
“ဧပြီလ ၈ ရက်နေ့ရောက်ရင်မေ့ပျောက်ထားနိုင်အောင်တော့ ကြိုးစားထားပါတယ်။ပြီးတော့ အဲ့နေ့ကျရင်လည်း တနေကုန်အိပ်နေပစ်လိုက်မယ်လို့လည်းတွေးထားတယ်။ ပြီးတော့ တစ်စုံတစ်ယောက်အတွက် အကူအညီဖြစ်မယ်ဆိုရင်လည်း တနေကုန်ကူညီပေးလိုက်ပါမယ်”ဆိုပြီး သူမကဘဲဆက်လက်ဖွင့်ဟခဲ့ပါတယ်။သူမအခုလို ပိုက်ဆံတွေကို အသုံးပြုလိုက်တဲ့အပေါ် ပြတ်စဲသွားပီဖြစ်တဲ့ ခင်ပွန်းလောင်းကလည်း သဘောတူကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
Leave a Reply