
ဒေသခံပြည်သူတွေ လေးစားအားကျရတဲ့ လက်တွေ့အပြင်ဘဝ Spiderman တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့တဲ့ အမျိုးသား (ရုပ်သံ)
အင်ဒိုနီးရှားနိုင်ငံ Pare-Pare မြို့မှာ နေထိုင်တဲ့ အသက် 36 နှစ်အရွယ် Rudi Hartono အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ကော်ဖီဆိုင်က အလုပ်သမားတစ်ဦးဖြစ်ပေမဲ့လည်း သူနေထိုင်တဲ့အနီးဝန်ကျင် နှင့် မြို့ကို အမြဲ ပလပ်စတစ်ကင်းစင်ပြီး သန့်ရှင်းသာယာအောင် ကြိုးစားနေသူပါ ။
အစပိုင်းမှာတော့ သာမှန်အတိုင်သာ အမှိုက်သရိုက်တွေရှင်းလင်းတဲ့ လှုပ်ရှားမှုမျိုး ပြုလုပ်ခဲ့ပေမဲ့လည်း မည်သူကမှ သတိမထားမိခဲ့ပါဘူး ။ နောက်ပိုင်း အဆိုပါ Spiderman ဝတ်စုံ ဝတ်ဆင်ပြီး ပလပ်စတစ်အမှိုက်တွေ လိုက်လံကောက်ယူခဲ့ချိန်မှာမှ လူတွေက သတိထားမိပြီး အဆိုပါလှုပ်ရှားမှုတွင် ပါဝင်လာကြပြီး ၊ Rudi မှာလည်း မြို့ရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့ပါတယ် ။
အဆိုပါ Spiderman ဝတ်စုံကိုတော့ 2018 ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပြီး ၊ 2 နှစ်သားအရွယ် တူလေးကို အပျော်သဘော ဝတ်ပြဖို့ ပြင်ဆင်ခဲ့တာပါ ။ သို့ပေမဲ့လည်း ကလေးငယ်က Rudi အဆိုပါဝတ်စုံကို ဝတ်ဆင်တဲ့အချိန်တိုင်း အလန့်တကြားဖြစ်ကာ အော်ငိုနေခဲ့လို့ အဆိုပါ ဝတ်စုံကို တစ်နှစ်ခန့် မဝတ်ဆင်ဘဲ သိမ်းဆည်းထားခဲ့ရကြောင်း သိရပါတယ် ။
နောက်ပိုင်မှ Rudi ဟာ အကြံရလာခဲ့ပြီး ပလပ်စတစ်ကင်းစင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်တိုင်း အဆိုပါ Spiderman ဝတ်စုံ ဝတ်ဆင်ပြီး ကြိုးစားခဲ့ပါတယ် ။ Rudi ဟာ Spiderman ဝတ်စုံနဲ့ လက်ရှိအပြင်ဘဝရဲ့ သူရဲကောင်းဆိုပြီး media တွေရဲ့ ဖော်ပြခြင်းကို ခံနေရလျက်ရှိကြောင်း သိရပါတယ် ။
Zawgyi
ေဒသခံျပည္သူေတြ ေလးစားအားက်ရတဲ့ လက္ေတြ႕အျပင္ဘဝ Spiderman တစ္ေယာက္ျဖစ္ေၾကာင္း သက္ေသျပခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)
အင္ဒိုနီးရွားႏိုင္ငံ Pare-Pare ၿမိဳ႕မွာ ေနထိုင္တဲ့ အသက္ 36 ႏွစ္အ႐ြယ္ Rudi Hartono အမည္ရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ေကာ္ဖီဆိုင္က အလုပ္သမားတစ္ဦးျဖစ္ေပမဲ့လည္း သူေနထိုင္တဲ့အနီးဝန္က်င္ ႏွင့္ ၿမိဳ႕ကို အၿမဲ ပလပ္စတစ္ကင္းစင္ၿပီး သန႔္ရွင္းသာယာေအာင္ ႀကိဳးစားေနသူပါ ။
အစပိုင္းမွာေတာ့ သာမွန္အတိုင္သာ အမႈိက္သ႐ိုက္ေတြရွင္းလင္းတဲ့ လႈပ္ရွားမႈမ်ိဳး ျပဳလုပ္ခဲ့ေပမဲ့လည္း မည္သူကမွ သတိမထားမိခဲ့ပါဘူး ။ ေနာက္ပိုင္း အဆိုပါ Spiderman ဝတ္စုံ ဝတ္ဆင္ၿပီး ပလပ္စတစ္အမႈိက္ေတြ လိုက္လံေကာက္ယူခဲ့ခ်ိန္မွာမွ လူေတြက သတိထားမိၿပီး အဆိုပါလႈပ္ရွားမႈတြင္ ပါဝင္လာၾကၿပီး ၊ Rudi မွာလည္း ၿမိဳ႕ရဲ႕ စံျပပုဂၢိဳလ္တစ္ေယာက္ျဖစ္လာခဲ့ပါတယ္ ။
အဆိုပါ Spiderman ဝတ္စုံကိုေတာ့ 2018 ခုႏွစ္က ဝယ္ယူခဲ့တာျဖစ္ၿပီး ၊ 2 ႏွစ္သားအ႐ြယ္ တူေလးကို အေပ်ာ္သေဘာ ဝတ္ျပဖို႔ ျပင္ဆင္ခဲ့တာပါ ။ သို႔ေပမဲ့လည္း ကေလးငယ္က Rudi အဆိုပါဝတ္စုံကို ဝတ္ဆင္တဲ့အခ်ိန္တိုင္း အလန႔္တၾကားျဖစ္ကာ ေအာ္ငိုေနခဲ့လို႔ အဆိုပါ ဝတ္စုံကို တစ္ႏွစ္ခန႔္ မဝတ္ဆင္ဘဲ သိမ္းဆည္းထားခဲ့ရေၾကာင္း သိရပါတယ္ ။
ေနာက္ပိုင္မွ Rudi ဟာ အႀကံရလာခဲ့ၿပီး ပလပ္စတစ္ကင္းစင္ေရး လႈပ္ရွားမႈေတြ ျပဳလုပ္တိုင္း အဆိုပါ Spiderman ဝတ္စုံ ဝတ္ဆင္ၿပီး ႀကိဳးစားခဲ့ပါတယ္ ။ Rudi ဟာ Spiderman ဝတ္စုံနဲ႔ လက္ရွိအျပင္ဘဝရဲ႕ သူရဲေကာင္းဆိုၿပီး media ေတြရဲ႕ ေဖာ္ျပျခင္းကို ခံေနရလ်က္ရွိေၾကာင္း သိရပါတယ္ ။
Leave a Reply