ဒေသခံငါးဖမ်းသမားများအတွက် ကံကောင်းခြင်းတွေယူဆောင်လာပေးဖို့ မိကျောင်းတစ်ကောင်နဲ့ လက်ထပ်ခဲ့တဲ့ မြို့တော်ဝန်

ဒေသခံငါးဖမ်းသမားများအတွက် ကံကောင်းခြင်းတွေယူဆောင်လာပေးဖို့ မိကျောင်းတစ်ကောင်နဲ့ လက်ထပ်ခဲ့တဲ့ မြို့တော်ဝန်

ရာစုနှစ်များတစ်လျှောက် နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှုများအရ ယုံကြည်မှုများနှင့်ထုံးတမ်းစဉ်လာများရှိခဲ့ကြပါတယ်။Victor Aguilar အမည်ရှိ မက္ကဆီကန်မြို့တော်ဝန်တစ်ဦး ဟာ ဒေသခံငါးဖမ်းသမားများအတွက် ကံကောင်းခြင်းကို ယူဆောင်လာပေးရန် Princess လို့ခေါ်တဲ့မိကျောင်းမတစ်ကောင်နဲ့ လက်ထပ်ပေးခဲ့ပါတယ်။

Princess ဟာ လူသားသတို့သမီးလို ဝတ်စားဆင်ယင်ရသလို သူ့မင်္ဂလာပွဲဝတ်စုံအတွက် အော်ဒါမှာချုပ်ပေးခဲ့ပြီး မင်္ဂဆောင်ပွဲအတွင်း Princess ရဲ့ပါးစပ်ကိုကြိုးနဲ့ချည်ထားခဲ့ပါတယ်။

ပစိဖိတ်ကမ်းရိုးတန်းသို့ Huaves အုပ်စုက မပြောင်းရွေ့လာခင်ကတည်းက Chontales အုပ်စုဟာ ၎င်းမြေမှာ ပထမဆုံးအခြေချနေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ထို့ကြောင့် ၎င်းအုပ်စုနှစ်စုဟာ စားဝတ်နေရေးအတွက် လယ်ယာမြေများ လုယူမှုကြောင့် အချင်းချင်းတိုက်ခိုက်နေခဲ့ပါတယ်။

သို့ပေမဲ့ Chontales ဘုရင်ရဲ့ သားတော် နှင့် Huaves ဘုရင်ရဲ့သမီးတော်တို့ဟာ ချစ်ကြိုက်သွားခဲ့ပြီး လက်ထပ်ထိမ်းမြားတဲ့အခါ Chontales နှင့် Huaves ကြားရှိ ပဋိပက္ခများအဆုံးသတ်သွားခဲ့တယ်လို့ ဒေသခံများကပြောဆိုခဲ့ကြောင်းကို CNN မှတစ်ဆင့် သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

 

ဒါကြောင့် ယနေ့ခေတ်မှာ မြို့တော်ဝန်က ဘုရင့်ရဲ့သားကို ကိုယ်စားပြုပြီး မိကျောင်းက Huaves ကိုကိုယ်စားပြုပါတယ်။မြို့တော်ဝန်က မိကျောင်းကိုလက်ထပ်ခြင်းအားဖြင့် ကျေးရွာမှာ ကံကောင်းခြင်းနှင့်ချမ်းသာကြွယ်ဝခြင်းများ ရရှိလာမှာဖြစ်ပြီး ဒေသခံတံငါသည်များအား ငါးများဖမ်းမိနိုင်အောင် ကူညီလိမ့်မယ်လို့ လူအများက ယုံကြည်ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*