ဒူးရင်းသီး စားပြီးပြီးချင်း ကားမောင်းတဲ့အမျိုးအသား ရဲဖမ်းခံရ

ဒီကနေ့မှာဆိုရင်တော့ ပရိသတ်တွေသိထားချင်တဲ့ အကြောင်းအရာလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။

ဒီအကြောင်းအရာလေးကတော့ ဒူးရင်းပြီး စားသုံးပြီးချင်းချင်း ကားမမောင်း သင့်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။

ဒူးရင်းသီးစားစားပြီးချင်း ကားမောင်းလိုက်မယ်ဆိုရင် ရဲတပ်ဖွဲ့က အရက်သောက်ထားမထား စစ်ဆေးတဲ့အခါမှာ စားပြီးကားမောင်းသူဖို့ အခက်အခဲတွေဖြစ်စေနိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ဒူးရင်းသီး စားပြီးပြီးချင်း အချိန်တခုကြာတဲ့အထိ ပါးစပ်ကထွက်တဲ့အနံ့ဟာ ရဲတပ်ဖွဲ့ရဲ့ အရက်သောက်မသောက်စစ်ဆေးတဲ့ ကိရိယာထဲမှာ ကားမောင်းရင်း သောက်ခွင့််ရှိတဲ့ အရက်စံချိန်ကို ကျော်လွန်နေတာကြောင့်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဒူးရင်းသီးစားစားပြီးချင်း ကားမောင်းနေတဲ့အချိန် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုနဲ့ကြုံတဲ့အခါ အရက်မသောက်ထားပေမယ့်လည်း သောက်ထားတယ်လို့ အထင်ခံရနိုင်ပြီး အခန့်မသင်ရင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထိန်းသိမ်းမှုကိုပါ ခံရနိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ဒူးရင်းသီးစားစားပြီးချင်း ကားမောင်းတဲ့အချိန် ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမှုကို ခံခဲ့ရတာကြောင့် အရက်အလွန်အကျွံံသောက်ထားတယ်ဆိုပြီး စွဲချက်တင်ခံခဲ့ရပါသေးတယ်။

အဲ့ဒီနောက်မှာတော့ သူ့ရဲ့သွေးကိုစစ်ကြည့်တဲ့အခါ သွေးထဲမှာ အရက်လုံးဝမရှိခဲ့ဘူးဆိုတာကို သက်သေပြနိုင်ခဲ့တာကြောင့် စွဲချက်ကနေ လွတ်မြောက်သွားခဲ့ပါတယ်။

ဒါ့ကြောင့် ပရိသတ်တွေကိုလည်း ဒူးရင်းသီး စားစားပြီးချင်း ကားမမောင်းဘဲ အနံ့ပျောက်နိုင်တဲ့ အချိန်လောက်မှ ကားမောင်းကြပါလို့ တိုက်တွန်းလိုက်ပရစေ….။

Be the first to comment

Leave a Reply

Your email address will not be published.


*