
ဒူးရင်းသီး စားချင်လို့ မြို့အနံ့ပတ်သွားတဲ့ကုန်ကားတစ်စီးကို ခိုးဝင်ပြီး ဒူးရင်းသီး ခိုးစားနေခဲ့တဲ့ ကြောင်လေး
Rohayu Hamid အမည်ရှိ အမျိုးသမီးတစ်ဦးက ဒူးရင်းသီးရောင်းသူတစ်ဦးဖြစ်တဲ့ အိမ်နီးချင်းရဲ့ ကုန်ကားထဲသို့ ခိုးကြောင်ခိုးဝှက်သွားနေတဲ့ သူမရဲ့ ကြောင်လေး အကြောင်းကို ထုတ်ဖော်လာခဲ့ပါတယ် ။ ကြောင်လေးက သူတို့အိမ်နီးချင်းရဲ့ ကုန်ကားထဲရှိနေတာကို Pekan မြို့ကနေ Raub မြို့သို့ ဒူးရင်းသီးတွေသွားရောင်းတဲ့ ခရီးစဥ်အပြီး ညအိမ်ရောက်မှ ကားထဲမှာရှိမှန်း သတိထားမိခဲ့ပါတယ် ။
သူခိုးလေးကြောင်က ကားထဲသို့ ခိုးဝင်ရုံသာမကဘဲ ဒူးရင်းအချို့ကိုပါခိုးစားနေခဲ့တာပါ ။ ကုန်ကားထဲမှာ တစ်နေကုန်ရှိပြီး အိမ်ပြန်လာကာ Rohayo က ကြောင်လေးရဲ့ခန္ဓာကိုယ်တွေမှာ ဒူးရင်အနံ့ရနေတာကြောင့် သတိထားမိခဲ့ပါတယ် ။
ကြောင်လေးရဲ့အမှတ်တရခရီးစဉ်အပြီးမှာ Rohayu က သူမရဲ့ ကြောင်ကို Raub လို့တရားဝင် အမည်ပေးခဲ့လိုက်ပါတယ် ။ ဆူပူခြင်းခံရပြီးနောက် Raub က သူ့ရဲ့ အကောင်းဆုံးအပြုအမူကို လုပ်ရန် ဆုံးဖြတ်ခဲ့ပြီး Rohayu က သူ့အကြိုက်ဆုံး ဒူးရင်းအချို့ကို ကျွေးရန်ဆုံးဖြတ်ခဲ့လိုက်ပါတယ် ။
Zawgyi
Leave a Reply