ဒူးရင်းသီး ကြိုက်သူများ သတိပြုစရာ

ဒူးရင်းသီး ကြိုက်သူများ သတိပြုစရာ

အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်’ ဆိုတဲ့စကားပုံဟာ အစားအသောက် စားသုံးရာမှာ အခန့်မသင့် ရင် ဒုက္ခရောက်တတ်တာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ အခုအချိန်မှာ ရာသီစာဖြစ်တဲ့ ဒူရင်းသီ းဟာ အစားမတတ် ရင်ဘေး ဖြစ်တတ်ပါတယ်။ ဒူရင်းသီးဆိုတာက အသီးတကာတို့ရဲ့ဘုရင် လို့တင်စားရလောက်အောင် အနံ့အရသာ ပြည့်စုံရုံမျှမက အားအင်ဖြစ်စေ နိုင်သော သစ်သီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒူရင်းသီးဟာ မြန်မာနိုင်ငံ တွင်သာမက ထိုင်းနိုင်ငံ၊မလေးရှား နိုင်ငံ တို့မှနေပြီးအများဆုံးထွက်ရှိကာ လူကြိုက်များသော သစ်သီးလည်းဖြစ်ပါတယ်။

ဒူရင်းသီးဟာ စားတတ်ရင်အားအင်ဖြစ်ထွန်းသလို မစားတတ်ရင် မြွေထက်တောင် အဆိပ်ပြင်းတဲ့ အသီးလို့လည်း ပြောလို့ ရပါတယ်။ ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်သော နိုင်ငံခြားသားတစ်ဦး ဒူရင်းသီးအစားမတတ်တာကြောင့် အသက် ဆုံးရှူံးသွားရသော ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ကမ္ဘာလှည့် ခရီးသည်ဟာ အသက် ၂၉ နှစ်သာရှိသေးပြီး ဒူရင်းသီးကိုကြိုက်နှစ်သက် တာကြောင့် အများကြီး စားသုံးခဲ့ကာ နွားနို့ နှင့် ကော်ဖီကိုလည်း သောက်သုံးခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒူရင်းသီးနှင့် နွားနို့ပေါင်းစပ်လိုက် ပါကသွေးပေါင်ချိန်အလွန်တက်သွားပြီး ရှော့ခ်ဖြစ်ကာသေဆုံးရခြင်းဖြစ်တယ်လို့ ဆေးစစ် ချက်များအရသိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ဒူရင်းသီးကို စားသုံးပြီး ၈-နာရီအတွင်း နို့ထွက်အစားအသောက်များကို မစားသုံးဖို့ တိုက်တွန်းထားပါတယ်။

ထို့အပြင် ဒူရင်းသီးနှင့်အတူ တွဲဖက်မစားသင့်တဲ့ အစားအသောက်များကတော့ အရက်၊ ကိုကာကိုလာ နှင့် လိုင်ချီးသီးများ ဖြစ်ပြီး စားသုံးမိပါက အသက်အန္တရာယ်ဖြစ်စေနိုင်တယ် လို့ဆိုပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ? ဗဟုသုတ ရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒူရင်းသီးနှင့်အရက်တွဲဖက်မစားသုံးသင့်ပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်ခုစလုံး အပူစာတွေဖြစ်တာကြောင့် သာမန် လူများသာမက သွေးတိုးနှင့် ဆီးချိုရှိသူများဆိုရင် ဦးနှောက် သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း၊ သွေးကြော များ ရုတ်တရက် ပေါက်ခြင်း နှင့် လေဖြတ်နိုင်ခြင်းတို့ကြောင့် တွဲဖက်စားသုံးခြင်း မပြုဖို့တိုက်တွန်း လိုပါတယ်။

၂။ အပူများတဲ့ခန္ဓာကိုယ်အဖွဲ့အစည်းရှိသူများ၊ လည်ချောင်းနာချောင်းဆိုးသူများ၊ ဖျားနာသူများ၊ လေပြွန်ရောင် ရောဂါရှိ သူများအနေဖြင့် ဒူရင်းသီးစားသုံးပါက ရောဂါ အခြေအနေ ပိုမိုဆိုးရွားတတ်တာကြောင့် မစားသုံးသင့်ပါဘူး။

၃။ ဒူရင်းသီးစားသုံးခြင်းဟာ အပူများတတ်ခြင်းကြောင့် ဒူရင်းသီးစားပြီးပါက ပဲစိမ်းသာကူကျိူကို ဝမ်းအေးစေရေန် သောက်သုံး ပေးသင့်ပါတယ်။

၄။ ဒူရင်းသီးမှာ အပူဓာတ်နှင့် သကြားဓာတ်ကြွယ်ဝစွာပါဝင်တာမို့ အဝလွန်ရောဂါရှိသူများ နှင့် ကိုယ်အလေးချိန်များသူများ စားသုံးရန်မသင့်ပါဘူး။

၅။ ပိုတက်စီယမ်ဓာတ်အလွန်မြင့်မားစွာပါဝင်တာကြောင့် နာတာရှည် ကျောက်ကပ် မကောင်းသူများ နှင့် နှလုံးရောဂါရှိ သူများ အတွက် မသင့်လျော်ပါဘူး။

၆။ ဒူရင်းသီးကိုတစ်ကြိမ်စားတိုင်း အများအပြားမစားသုံးသင့်သည့်အပြင် ဒူရင်းသီးအနံ့မှာ အရက်နံ့ထွက်နေပြီဆိုရင်လည်း စားသုံးဖို့မသင့်တော့ပါဘူး။

၇။ ဒူရင်းသီးထိပ်ပွင့်နေရင် အကြာကြီးထားရန်မသင့်သည့်အပြင် အနံ့လည်း ပြောင်းလဲတော့မှာဖြစ်တာကြောင့် မဝယ်ယူ သင့်ပါဘူး။

၈။ ဒူရင်းသီး စားသုံးပြီးချိန်မှာ ရေအမြောက်အများသောက်သုံးပေးသင့်ပါတယ်။ ဒူရင်းသီးအတွင်း အာဟာရဓာတ် အလွန် ကြွယ်ဝစွာပါဝင်တာကြောင့် အမြောက်အများ စားသုံးခြင်းဟာ ခန္ဓာကိုယ်ကိုဒုက္ခဖြစ်စေရုံသာမက ဝမ်းချုပ်နိုင်တာကြောင့် ထိန်းသိမ်း စားသုံးသင့်ပါတယ်။ ဒူရင်းသီးအမြောက်အများစားသုံးမိပါက မင်းကွတ်သီးစားသုံးပေး ခြင်းဖြင့် အပူဓာတ်ကို လျော့ချပေးနိုင်ပါတယ်။

ဒါကြောင့် ဒုူရင်းသီး ကြိုက်နှစ်သက်ကြသော သူများအနေနဲ့ ဆင်ခြင်စားသောက်နိုင်ဖို့ အန္တရာယ်ကင်းစေခြင်းအကျိုးငှာ တင်ဆက် ပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*