ဒုက္ခရောက်နေပေမဲ့ မိသားစုသာရှိရင် အရာရာပြည့်စုံနေပါတယ် ဆိုတဲ့မိသားစုပုံရိပ်လေး

ဒုက္ခရောက်နေပေမဲ့ မိသားစုသာရှိရင် အရာရာပြည့်စုံနေပါတယ် ဆိုတဲ့မိသားစုပုံရိပ်လေး

မလေးရှားနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်တွေပါ ရေလွှမ်းမိုးနေကြလို့ ဒေသခံတွေအတော်လေးကို ဒုက္ခရောက်ပြီး နေအိမ်မပြန်နိုင်ဖြစ်နေခဲ့ကြတာပါ ။

သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ မိသားစုလေးကတော့ ဒုက္ခရောက်နေပေမဲ့ အပြုံးမပျက်ကြပါဘူး ။ အကြောင်းကတော့ ကလေးငယ်နှစ်ယောက်အတူ မွေးနေ့ပွဲကျင်းပနေပြီး ၊ ဘေးမှာ အားကိုးဖော်မိသားစုဝင်တွေရှိနေလို့ အပြုံးမပျက် ထိတ်လန့်မှုတွေမရှိဘဲ ပျော်ရွှင်နေကြလို့ပါ ။

ဒါကြောင့် ကိုယ့်နဲ့ အေးအတူ ၊ ပူအမျှ အမြဲအတူရှိနေကြမဲ့ မိသားစုသာရှိနေရင် ဘယ်လိုဒုက္ခမျိုးမဆို ကြံ့ကြံ့ခံနိုင်တယ်ဆိုတာ အခုဖော်ပြတဲ့မိသားစုလေးရဲ့ အဖြစ်အပျက်လေးက သက်သေပါပဲလေ ။ ကိုယ့်ရဲ့မိသားစုသာရှိနေရင် ဘယ်နေရာရောက်ရောက် ကိုယ့်အတွက်အနွေးထွေးဆုံး နေအိမ်ပါပဲ ။

Be the first to comment

Leave a Reply

Your email address will not be published.


*