
ဆော်ဒီမင်းသားရဲ. ငှက်တွေအားလုံးကိုယ်ပိုင် passport ရှိပါတယ်။ ပုံမှာပြထားတာကတော့ လေယာဉ်ပေါ်ကို လိုက်ပါလာတဲ့ ငှက်အုပ်ပုံဖြစ်ပါတယ်။ဒီဓာတ်ပုံကိုတော့ အဲ့ဒီဆော်ဒီမင်းသားလိုက်ပါစီးနင်းခဲ့တဲ့ လေယာဉ်ရဲ. လေယာဉ်မှူး ဆီက ရရှိတာလို.သိရပါတယ်။ဆော်ဒီမင်းသားဟာ သူ့ ရဲ. ငှက် အုပ် နှင့်အတူ လေယာဉ်လက်မှတ် အစောင် ၈၀ ဖြတ်ခဲ့ကြောင်း သိရသည်။လူအများစုအနေနှင့်ငွေတွေကို အဲ့ဒီလို နည်းနဲ့ သုံးစွဲနေတာဟာ အံ့ သြ စရာကောင်းလွန်းပါပေသည်။
တကယ်တော့ အာရပ်မှာရှိတဲ့သူကြွယ် များက ငှက်ကောင်တွေ နဲ့ ခရီးသွားနိုင်ခြင်းဟာ သူတို့ဘယ်လောက်ချမ်းသာကြောင်းပြသတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ယခု ဆော်ဒီမင်းသားရဲ့ ငှက်တစ်ကောင်ခြင်းစီဟာ ဆိုရင် ဒေါ်လာ ၂၅၀၀၀၀ လောက်တန်ကြေးကိုပြသနေတယ်လို့ဆိုရပါမယ်။ဆော်ဒီမင်းသားအတွက် ဘယ်လောက်ချမ်းသာသလဲသိချင်ရင် ငှက်ဘယ်လောက်ပါသလဲဆိုတာ ခန့် မှန်းကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ကာတာ ကဲ့သို့ သော များစွာသော လေကြောင်းလိုင်းတွေ မှာ ငှက်တစ်ကောင်သယ်မည်ဆိုပါက ဒေါ်လာ ၆၃၀ ထိ အပိုထပ်ဆောင်းပေးရလေ့ရှိပြီး အကွာအဝေးအလိုက်စျေးပိုပေးရပါသေးတယ်။
Leave a Reply