ထူးခြားစွာ နဖူးမှာ အသည်းပုံအမှတ်အသားနဲ့မွေးဖွားလာခဲ့တဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်(ရုပ်သံ)

ထူးခြားစွာ နဖူးမှာ အသည်းပုံအမှတ်အသားနဲ့မွေးဖွားလာခဲ့တဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်(ရုပ်သံ)

မြင်သာထင်သာနိုင်တဲ့အရာအချို့က ဒီလောကကြီးမှာ ဖြစ်ပျက်နေတတ်ပါတယ်။သို့ပေမဲ့ ၎င်းအရာတွေကြားမှ ကောင်းမွန်တဲ့ရလဒ်တွေထွက်ပေါ်လာတတ်ပါတယ်။၎င်းအကြောင်းက စုံတွဲတစ်တွဲဟာ သူတို့ရဲ့ပထမဆုံးကလေးကို မွေးဖွားပြီးနောက် တွေ့ရှိခဲ့တဲ့အရာဘဲဖြစ်ပါတယ်။

မကြာသေးခင်က တူရကီမှ လူငယ်စုံတွဲတစ်တွဲဟာ သူတို့ရဲ့ပထမဆုံးကလေးကို ဒီလောကကြီးထဲသို့ ကြိုဆိုခဲ့ကြပါတယ်။ဖခင်ဖြစ်သူ Murat Engin နှင့်မိခင် Ceyda တို့က မွေးဖွားလာတဲ့သူတို့ရဲ့သားလေး Cinar ရဲ့နဖူးမှာ အသည်းပုံအမှတ်တစ်ခုကိုတွေ့ခဲ့ရပါတယ်။သူနာပြုတွေကလည်း ၎င်းအမှတ်ကို ဖျက်ပစ်ဖို့လုပ်ပေမဲ့ ၎င်းက မွေးရာပါအမှတ်အသားချည်းဖြစ်နေခဲ့ပါတယ်။

Cinar လေး ဆေးရုံတက်နေတုန်း သူနာပြုတွေက သူ့ရဲ့ထူးဆန်းတဲ့အမှတ်ကြောင့် selfie ရိုက်နေခဲ့ကြပါတယ်။မိဘတွေနဲ့ လူအများစုက Cinar လေးရဲ့အသည်းပုံအမှတ်အသားကြောင့် love baby လို့ ချစ်စနိုးခေါ်ခဲ့ကြပါတယ်။

Cinar လေးက မိဘတွေနဲ့ အပြင်သွားတိုင်းအမြဲ အာရုံစိုက်ခံရပြီး လူအများက သူ့နဲ့ selfie တွဲရိုက်နေခဲ့ကြသလို မိဘတွေအား လှပတဲ့ကလေးလေးကို ပိုင်ဆိုင်ထားရလို့ ဂုဏ်ယူကြောင်း ဆိုခဲ့ကြပါတယ်။ကျန်းမာရေးပညာရှင်တွေကို ၎င်းအမှတ်အသားနဲ့ပတ်သက်ပြီး မေးမြန်းကြည့်တော့ ၎င်းက သူတို့အတွက် အသသ်အဆန်းမဟုတ်ကြောင်

း အချို့ကလေးတွေဆို သူတို့ရဲ့ခန္ဓာကိုယ်မှာ အနီရောင် ၊အပြာရောင် နဲ့ အပန်းရောင် အမှတ်တွေနဲ့ မွေးဖွားလာခဲ့ကြပြီး အချို့အမှတ်က သေးငယ်ပြီး အချို့ကလည်း Cinar လို ထင်သာမြင်သာတွေ့နိုင်ကြောင်း ပြောပြခဲ့ပါတယ်။

စိတ်ဝင်စားစရာက ၎င်းအမှတ်အသားတွေ ဘာကြောင့် ဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကိုတော့ ကျွမ်းကျင်သူတွေက မသိကြပါဘူး။သို့ပေမဲ့ လေ့လာတွေ့ရှိချက်အရ ကလေးအချို့က အသက်ကြီးလာတာနဲ့အမျှ ၎င်းအမှတ်အသားတွေကို ဆုံးရှုံးကြရပြီး များသောအားဖြင့် ၎င်းက ပျောက်ကွယ်သွားတတ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*