ထူးခြားစွာဖြင့် ဒေသတွင်းရှိ အိမ်များမှ ဖိနပ်အရံပေါင်း ၁၀၀ကျော်ကို ၂နှစ်အတွင်း ခိုးယူနေခဲ့သော အမျိုးသားကို ဖမ်းမိသောအခါ

ထူးခြားစွာဖြင့် ဒေသတွင်းရှိ အိမ်များမှ ဖိနပ်အရံပေါင်း ၁၀၀ကျော်ကို ၂နှစ်အတွင်း ခိုးယူနေခဲ့သော အမျိုးသားကို ဖမ်းမိသောအခါ

လောကကြီးရှိ အချို့သော သူများသည် မိမိကြိုက်နှစ်သက်သော အရာများအပေါ် စွဲလန်းမှုက အစွန်းရောက်လွန်းပြီး ဒုက္ခရောက်ကြရသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံ အလယ်ပိုင်း နွန်ထဘူရီတွင် နေထိုင်သော Theerapat Klaiya အမည်ရှိသော အသက် ၂၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖိနပ်များအပေါ် အလွန်စွဲလမ်းခဲ့ရာ ဒေသတွင်းရှိ ၁၂၆ ယောက်ဧ။် ဖိနပ်များကို ၂နှစ်ဆက်တိုက် ခိုးယူပြီး အိမ်တွင်စုဆောင်းထားခဲ့သည်။

ဒေသတွင်းရှိ လူများမှာလည်း တစ်နေ့တစ်နေ့ ဖိနပ်ပျောက်နေရသည့် ကိစ္စနှင့်ပက်သက်ပြီး သည်းမခံနိုင်တော့ပဲ အာဏာပိုင်ရဲတပ်ဖွဲ့အား ကူညီရန် အကြောင်းကြားခဲ့သည်။

ရဲတပ်ဖွဲ့မှလည်း ဒေသတွင်းရှိ CCTV မှတ်တမ်းများမှ တစ်ဆင့် သံသယရှိသူအိမ်သို့ သွားရောက်စစ်ဆေးကြည့်ရာ အမှန်တကယ် အိမ်ထဲတွင် သေချာစုဆောင်းထားသော ဖိနပ်အရံပေါင်း ၁၀၀ကျော်အား အံ့အားသင့်စွာ တွေ့ရှိခဲ့သည်။

ထို့နောက် အမျိုးသားအား အဘယ်ကြောင့် ခိုးယူခဲ့လဲမေးမြန်းခဲ့ရာ သူသည် ဖိနပ်ချစ်သူတစ်ယောက်ဖြစ်ပြီး အများကြီးလိုချင်ခဲ့၍ ဆိုပြီး ဝန်ခံခဲ့ရာ ထိုလူသည် ယခင်နေခဲ့ဖူးသော ဒေသတွင်လည်း ဖိနပ်ခိုးယူမှုနှင့် အဖမ်းခံရဖူးကြောင်း သိရသည်။

Zawgyi








Be the first to comment

Leave a Reply

Your email address will not be published.


*