
ထီဂဏန်းတွက်ချက်ပြီး စာအုပ်ထုတ်ဖို့ မိသားစုတွေနဲ့ အဆက်ဖြတ်ကာ တံတားအောက်မှာ အခြေချခဲ့တဲ့ ထီဝါသနာရှင်တစ်ဦး
တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ အသက် ၄၉ နှစ်အရွယ် Wang Chengzhou အမည်ရှိ အမျိုးသား တစ်ဦးဟာ စီချွမ်ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပေမဲ့လည်း ၂၀၁၁ ခုနှစ်မှာ Chongqing ပြည်နယ် က တံတားတစ်ခုအောက်သို့ ပြောင်းရွှေ့ခဲ့လိုက်ပြီး သူ့ရဲ့ဘဝသစ်တစ်ခု တည်ဆောက်ရန်အတွက် ယခင်အလုပ်ရှင်ထံမှ ရရှိခဲ့တဲ့လုပ်အားခ ဒေါ်လာ ၅၀,၀၀၀ ယွမ်ကို သုံးဖြုန်းမဲ့အစား Wang ဟာ ထီကုဒ်ကို တွက်ချက်ရန် သူ့ရဲ့စွဲလမ်းမှုအတွက် အကုန်အကျခံခဲ့ပါတယ်။ သူဟာ မိသားစုနဲ့ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်ခဲ့ပြီး တံတားအောက်မှာဘဲ အခြေချခဲ့တာပါ။
Wang က Chengdu Business Daily သို့ ပြောကြားရာမှာ “ ၎င်းကိုထီနည်းစနစ်ရဲ့ နောက်ကွယ်က သင်္ချာဆိုင်ရာအသေးစိတ် စာအုပ်လေးအုပ်တွဲအဖြစ် ထုတ်ဝေရန် စီစဉ်ထားပြီး သူဟာ လစဉ်ထီလက်မှတ်များအတွက် ယွမ် ၂၀၀၀ (ဒေါ်လာ ၃၂၀) ဝယ်ယူခဲ့ပါတယ်။ မနက် ၂ နာရီမှ ၅ နာရီကြားမှာ Wang က နိုးနေပြီး သူ့ရဲ့လက်မှတ်ကို ရေတွက်ကာ တွက်ချက်မှုအမျိုးမျိုးကို ပြုလုပ်ခဲ့ပါတယ်။
ထီဂဏန်းကို ထုတ်ဖော်နိုင်ဖို့က သူ့ရဲ့ အဓိကပန်းတိုင် ဖြစ်လာပြီး သူ့ဘဝရဲ့အရာအားလုံးထက် ပိုပြီး ဦး စားပေးခဲ့တာပါ။ Wang က နောက်ဆုံး သန်းကြွယ်သူဌေးဖြစ်လာတဲ့ အချိန်ကျရင် ၎င်းတို့ အားလုံးကတန်ဖိုးရှိ လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ Wang Chengzhou ရဲ့ မိသားစုတွေက နှစ်များစွာ သူ့ဆီက ဘာသတင်းမှမရရှိခဲ့ပါဘူး။
နောက်ဆုံးမှာ Wang ရဲ့ ထီစွဲလမ်းမှုသတင်းက ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားပြီးနောက် သူနေထိုင်ရာ နဲ့ နေထိုင်မှုအခြေအနေများကိုသာ မိသားစုဝင်တွေက ကြားခဲ့ရတာပါ။ မိခင်ဖြစ်သူ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ Feng Jiafen ဟာ စီချွမ်ပြည်နယ်ကို ပြန်လာရန် သူ့သား Wang ကို ဆက်သွယ်ခဲ့ပေမဲ့လညား သူဟာ ထီနံပါတ်များကို ကြိုတင်ခန့်မှန်းနိုင်ကြောင်း သက်သေပြနိုင်တဲ့ အချိန်အထိ သူရဲ့နေအိမ်မှာ နေထိုင်ရန် ငြင်းဆန်ခဲ့နေခဲ့ပါတယ်။ ထီကစားတဲ့အခါ Wang ဟာ သူတွက်ခဲ့တဲ့နည်းကို သူကိုယ်တိုင်ဘာကြောင့် မထိုးတာလဲ လို့ သတင်းထောက်တစ်ဦးက မေးမြန်းတဲ့အခါ Chengzhou က သူရဲ့ သန်းပေါင်း ရာနဲ့ ချီတဲ့ စာအုပ်စီးရီးတေံ ထုတ်ဝေရန် နဲ့ ထိုနည်းအတိုင်းငွေရှာရန် ပိုပြီးကောင်းတယ်လို့ ပြန်ဖြေကြားခဲ့ပါတယ်။
Zawgyi
ထီဂဏန္းတြက္ခ်က္ၿပီး စာအုပ္ထုတ္ဖို႔ မိသားစုေတြနဲ႔ အဆက္ျဖတ္ကာ တံတားေအာက္မွာ အေျခခ်ခဲ့တဲ့ ထီဝါသနာရွင္တစ္ဦး
တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္းရွိ အသက္ ၄၉ ႏွစ္အ႐ြယ္ Wang Chengzhou အမည္ရွိ အမ်ိဳးသား တစ္ဦးဟာ စီခြၽမ္ျပည္နယ္မွာ ေဆာက္လုပ္ေရးလုပ္ငန္းကို လုပ္ကိုင္ခဲ့ေပမဲ့လည္း ၂၀၁၁ ခုႏွစ္မွာ Chongqing ျပည္နယ္ က တံတားတစ္ခုေအာက္သို႔ ေျပာင္းေ႐ႊ႕ခဲ့လိုက္ၿပီး သူ႔ရဲ႕ဘဝသစ္တစ္ခု တည္ေဆာက္ရန္အတြက္ ယခင္အလုပ္ရွင္ထံမွ ရရွိခဲ့တဲ့လုပ္အားခ ေဒၚလာ ၅၀,၀၀၀ ယြမ္ကို သုံးျဖဳန္းမဲ့အစား Wang ဟာ ထီကုဒ္ကို တြက္ခ်က္ရန္ သူ႔ရဲ႕စြဲလမ္းမႈအတြက္ အကုန္အက်ခံခဲ့ပါတယ္။ သူဟာ မိသားစုနဲ႔ ဆက္သြယ္မႈအားလုံးကို ျဖတ္ေတာက္ခဲ့ၿပီး တံတားေအာက္မွာဘဲ အေျခခ်ခဲ့တာပါ။
Wang က Chengdu Business Daily သို႔ ေျပာၾကားရာမွာ “ ၎ကိုထီနည္းစနစ္ရဲ႕ ေနာက္ကြယ္က သခ်ၤာဆိုင္ရာအေသးစိတ္ စာအုပ္ေလးအုပ္တြဲအျဖစ္ ထုတ္ေဝရန္ စီစဥ္ထားၿပီး သူဟာ လစဥ္ထီလက္မွတ္မ်ားအတြက္ ယြမ္ ၂၀၀၀ (ေဒၚလာ ၃၂၀) ဝယ္ယူခဲ့ပါတယ္။ မနက္ ၂ နာရီမွ ၅ နာရီၾကားမွာ Wang က ႏိုးေနၿပီး သူ႔ရဲ႕လက္မွတ္ကို ေရတြက္ကာ တြက္ခ်က္မႈအမ်ိဳးမ်ိဳးကို ျပဳလုပ္ခဲ့ပါတယ္။
ထီဂဏန္းကို ထုတ္ေဖာ္ႏိုင္ဖို႔က သူ႔ရဲ႕ အဓိကပန္းတိုင္ ျဖစ္လာၿပီး သူ႔ဘဝရဲ႕အရာအားလုံးထက္ ပိုၿပီး ဦး စားေပးခဲ့တာပါ။ Wang က ေနာက္ဆုံး သန္းႂကြယ္သူေဌးျဖစ္လာတဲ့ အခ်ိန္က်ရင္ ၎တို႔ အားလုံးကတန္ဖိုးရွိ လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။ Wang Chengzhou ရဲ႕ မိသားစုေတြက ႏွစ္မ်ားစြာ သူ႔ဆီက ဘာသတင္းမွမရရွိခဲ့ပါဘူး။
ေနာက္ဆုံးမွာ Wang ရဲ႕ ထီစြဲလမ္းမႈသတင္းက ဆိုရွယ္မီဒီယာေပၚ ပ်ံ႕ႏွံ႔သြားၿပီးေနာက္ သူေနထိုင္ရာ နဲ႔ ေနထိုင္မႈအေျခအေနမ်ားကိုသာ မိသားစုဝင္ေတြက ၾကားခဲ့ရတာပါ။ မိခင္ျဖစ္သူ အသက္ ၇၆ ႏွစ္ရွိၿပီျဖစ္တဲ့ Feng Jiafen ဟာ စီခြၽမ္ျပည္နယ္ကို ျပန္လာရန္ သူ႔သား Wang ကို ဆက္သြယ္ခဲ့ေပမဲ့လညား သူဟာ ထီနံပါတ္မ်ားကို ႀကိဳတင္ခန႔္မွန္းႏိုင္ေၾကာင္း သက္ေသျပႏိုင္တဲ့ အခ်ိန္အထိ သူရဲ႕ေနအိမ္မွာ ေနထိုင္ရန္ ျငင္းဆန္ခဲ့ေနခဲ့ပါတယ္။ ထီကစားတဲ့အခါ Wang ဟာ သူတြက္ခဲ့တဲ့နည္းကို သူကိုယ္တိုင္ဘာေၾကာင့္ မထိုးတာလဲ လို႔ သတင္းေထာက္တစ္ဦးက ေမးျမန္းတဲ့အခါ Chengzhou က သူရဲ႕ သန္းေပါင္း ရာနဲ႔ ခ်ီတဲ့ စာအုပ္စီးရီးေတံ ထုတ္ေဝရန္ နဲ႔ ထိုနည္းအတိုင္းေငြရွာရန္ ပိုၿပီးေကာင္းတယ္လို႔ ျပန္ေျဖၾကားခဲ့ပါတယ္။
Leave a Reply