
ထိပ်ပြောင်နေသော ဖခင်ဖြစ်သူ၏ ဆံပင်ပုံစံအတိုင်း.တစ်ပုံစံတည်းဖြစ်ချင်လို့ ကိုယ်တိုင်ဆံပင်ရိတ်ခဲ့သည့် ကလေးငယ်
မိခင်၏ဝမ်းထဲမှ သားသမီးလေးတို့ကို မွေးဖွားလာခဲ့ပြီဆိုသည်နှင့် မိဘဖြစ်သူတို့ဟာ အနေအထိုင် အပြောအဆိုတို့ကို ဆင်ခြင်လာကြရပေသည်။အကြောင်းမှာ မိဘတို့သည် သားသမီးတို့၏ လက်ဦးဆရာများဖြစ်သည့်အတွက် မိဘတို့၏ အနေအထိုင် အပြောအဆိုတို့ကို ကောင်းသည်ဆိုးသည်နားမလည်ဘဲ အကုန်အတုခိုးတော့မှာဖြစ်ပါတယ်။
ယခုတွင်လည်း အသက်၂နှစ်အရွယိသာရှိသေးသည့် သားငယ်လေး၏ ဆံပင်များဟာထိပ်ကွက်ဖြစ်နေသည့်အတွက် မိခင်က စိတ်ပူစွာဖြင့် အကြောင်းအရာကို မေးမြန်ခဲ့ပါတယ်။ခုအခါ သားငယ်လေးကလည်း ဖခင်ဖြစ်သူ၏ ဆံပင်ပုံစံလေးအတိုင်ဖြစ်ချင်သည့်အတွက် ဖခင်၏ မုတ်ဆိတ်ရိတ်စက်ဖြင့် ကိုယ်တိုင်ရိတ်ပြီး တူအောင်လုပ်ခဲ့ကြောင်း သိရပါတယ်။
ထို့ကြောင့် မိဘတို့ဟာ သားသမီးတို့၏ စံပြပုဂ္ဂိုလ်များဖြစ်ကြပြီး သားသမီးလေးတို့က အတုယူမမှားစေရန်အတွက် အရာအားလုံးကို ဆင်ခြင်ပြီး နေထိုင်ဖို့ အကြံပေးလိုက်ပါတယ်။
Zawgyi
Leave a Reply