ထာဝရအချစ်တွေရယူပိုင်ဆိုင်နိုင်အောင် ခေါင်းတလား နဲ့ မင်္ဂလာပွဲကျင်းပခဲ့တဲ့စုံတွဲ

ထာဝရအချစ်တွေရယူပိုင်ဆိုင်နိုင်အောင် ခေါင်းတလား နဲ့ မင်္ဂလာပွဲကျင်းပခဲ့တဲ့စုံတွဲ

လူတွေဟာကိုယ့်ရဲ့မင်္ဂလာပွဲကို အခြားသူတွေနဲ့ကွဲပြားခြားနားအောင် ကျင်းပချင်ကြပြီး ၊ အမှတ်တရတွေ များစွာကျန်ရစ်ထားချင်တတ်ကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံကစုံတွဲကတော့ ထင်ထားတာထက် ပိုပြီးလွန်ကဲနေတယ်လို့ပြောရမှာပဲ ။ အကြောင်းကတော့ သူတို့ရဲ့မင်္ဂလာပွဲမှာ ခေါင်းတလား အကြီးကြီတစ်ခုနဲ့ ပြင်ဆင်ထားပြီး ၊

အဆိုပါခေါင်းတလားက ထာဝရအချစ်မျိုးယူဆောင်လာပေးတယ်လို့ ယုံကြည်နေကြလို့ပါပဲ ။ မင်္ဂလာပွဲစုံတွဲတွေဖြစ်တဲ့ Mr.Jakrut Namwised နဲ့ Ms.Pornticha Ruengrum တို့ဟာ ခေါင်းတလားတွေထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီမှာအလုပ်လုပ်ကိုင်ကြရင်း တွေ့ဆုံခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာပါ ။မင်္ဂလာပွဲအတွက် ခေါင်းတလာကိုလည်း သူတို့ကိုယ်တိုင်ရွေးချယ်ပြီး ပန်းတွေနဲ့ပါ အလှဆင်ထားပါသေးတယ် ။ စုံတွဲကတော့ ထိုင်းရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး အဆိုပါ ခေါင်းတလား ဘေးမှာအလှဓာတ်ပုံတွေရိုက်ကူးခဲ့ကြပါတယ် ။

သူတို့ရဲ့ မင်္ဂလာပွဲလေးက အခြားသူတွေထက် တမူထူးခြားလွန်းတဲ့ မင်္ဂလာပွဲဖြစ်ခဲ့လို့ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*