
ထမင်းမေ့ဟင်းမေ့အောင် game ဆော့တတ်တဲ့သားဖြစ်သူကို စိတ်ပူပြီး ကိုယ်တိုင် ထမင်းခွံကျွေးနေခဲ့တဲ့ မိခင်(ရုပ်သံ)
ဖိလစ်ပိုင်နိုင်ငံမှ အသက် ၁၃ နှစ်အရွယ် Carlito Garcia အမည်ရှိ ကောင်လေးတစ်ဦးဟာ “Survival of Rules” လို့ခေါ်တဲ့ onlineဂိမ်းတစ်ခုကို အလွန်အကြူးစွဲလမ်းနေခဲ့ပါတယ်။ထို့ကြောင့် Carlito ရဲ့အမေဖြစ်သူ Lilybeth Marvel Garcia အမည်ရှိအမျိုးသမီးက သူမသားဟာ သူအကြိုက်ဆုံးဂိမ်းကစားတဲ့အခါ ထမင်းတောင်မစားနိုင်တော့တာကြောင့် သူမက သားအတွက် အလွန်စိတ်ပူကြောင်း ပြောကြားခဲ့ပါတယ်။
Carlito က သူ့အမေခွံကျွေးလိုက်တဲ့ထမင်းကိုစားဖို့ ပါးစပ်သာဟလိုက်ပေမဲ့လည်း သူ့မျက်လုံးတွေကတော့ ကွန်ပျူတာဖန်သားပြင်ပေါ်ကိုသာစိုက်ကြည့်နေပြီး သူ့လက်ကလည်း ကီးဘုတ်ပေါ်မှာဘဲရွေ့လျားနေတာကို မြင်တွေ့ကြရမှာပါ။အမေဖြစ်တဲ့Lilybeth ကလည်း သားဖြစ်သူက နောက်နေ့အထိ ထမင်းမစားမှာကို အလွန်အမင်းစိုးရိမ်ပူပန်ပုံပါဘဲ။
၎င်းအခိုက်အတန့်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုကလည်း gamer တွေကြား အိုးလေးတကျော်ဖြစ်သွားခဲ့ရပါသေးတယ်။Carlito ရဲ့ဂိမ်းအပေါ်စွဲလမ်းမှုက လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စတင်ခဲ့ကြောင်း Lilybeth ကပြောပြခဲ့ပြီး“ Carlito က ကျောင်းပထမနှစ်မှာ သူ့ရဲ့ဘာသာရပ်အားလုံးကို မအောင်မြင်ခဲ့ပါဘူး ၊
ကျွန်မနဲ့သူစကားပြောကြည့်တော့ သူက နောက်တစ်ကြိမ် ပိုကောင်းအောင်ကြိုးစားမယ်လို့ ကတိပေးခဲ့ပေမဲ့ ဒုတိယနှစ်ရောက်လာတော့လည်း သူက အတန်းပုံမှန်မတက်တော့ပြန်ဘူး ”လို့ ထပ်မံပြောပြခဲ့ပါသေးတယ်။
သို့ပေမဲ့ သူမက ၎င်းဗီဒီယိုမှာ သားဖြစ်သူက လူအများထံမှ မုန်းတီးတဲ့မှတ်ချက်များစွာပေးခဲ့ကြတာကြောင့် မူရင်းဗီဒီယိုကိုဖျက်ပစ်လိုက်ရပါတယ်။
Leave a Reply