ထင်ရှားလွန်းတဲ့ မွေးရာပါမျက်ခုံးလေးတွေကြောင့် မွေးစားမဲ့သူမရှိခဲ့တဲ့ ဂေဟာမှခွေးလေး (ရုပ်သံ)

ထင်ရှားလွန်းတဲ့ မွေးရာပါမျက်ခုံးလေးတွေကြောင့် မွေးစားမဲ့သူမရှိခဲ့တဲ့ ဂေဟာမှခွေးလေး (ရုပ်သံ)

ရုရှားနိုင်ငံ Bratsk မြို့က Dobrie Ruki (Kind Hands) တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးစင်တာမှာ ရှိတဲ့ အိမ်စောင့် တွေက Betty ရဲ့ အနက်ရောင်မျက်ခုံးကို ပထမဆုံးအကြိမ်တွေ့တဲ့အခါ သူတို့က တစ်စုံတစ်ဦးဟာ တိရစ္ဆာန်ကို ခြယ်သထားတယ် လို့ ထင်နေကြတာပါ။ သူတို့က Betty ကို ကောင်းကောင်းဆေးကြောခဲ့ကြပေမယ့် မျက်ခုံးတွေက လုံးဝပျောက်မသွားတာကြောင့် ၎င်းဟာ သဘာဝမှန် သိခဲ့ရပါတယ်။ Dobrie Ruki က စေတနာ့ဝန်ထမ်းဖြစ်တဲ့ Olesya Novopoltseva ဟာ “ ဒီနေရာကို ကျွန်မ အချိန်အတော်ကြာအလုပ်လုပ်ခဲ့ဖူးပေမယ့် ဒီလိုမျိုးတစ်ခါမှမမြင်ဖူးဘူး” လို့ ထပ်မံပြောကြားခဲ့ပါတယ်။

Betty လိုထူးခြားတဲ့ ခွေးတစ်ကောင်ဟာ သူမကို မွေးစားဖို့ စောက်ရှောက်ရေးစင်တာရဲ့ ပြင်ပမှာတန်းစီနေတဲ့ လူတွေရှိလိမ့်မယ်လို့ သင် ထင်မိလိမ့်မာပါ။ ဒါပေမယ့် တကယ်တော့ သူမရဲ့မျက်ခုံး‌မွေးက လူတွေကိုထွက်ပြေးစေလောက်အောင် ရုပ်ဆိုးတာကြောင့် သူတို့အားလုံးက သူမကို မွေးစားခြင်းမပြုခဲ့ကြပါဘူး။ ကံကောင်းတာက၊ စောက်ရှောက်ရေးသမားတွေက သူမအပေါ်အရှုံးမပေးဘဲ Betty ရဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ် တင်ပြီးနောက် သူမက ပိုင်ရှင်တစ်ဦး ကိုရှာတွေ့ခဲ့လိုက်ပါတယ်။

Oksana အမည်ရှိ တဲ့ဘအမျိုးသမီးတစ်ဦးက ” Betty နဲ့ပတ်သက်တဲ့ post ကို ကျွန်မတွေ့တဲ့အခါ ကျွန်မ တကယ်ဝမ်းနည်းမိပါတယ်။ သူမကို ကျွန်မရဲ့ ခွေးလေးဖြစ်စေချင်ခဲ့တယ်။ ” လို့ ပြောခဲ့ပါတယ်။ Betty ကို မွေးစားပြီးနောက် Oksana က Betty ရဲ့ ဓာတ်ပုံတွေကို အွန်လှိုင်းပေါ် တင်ပြီးနောက် ဆိုရှယ်မီဒီယာပေါ်မှာ လေမြန်စွာပျံ့နှံ့သွားခဲ့ပြီး Betty ရဲ့ ထူးခြားတဲ့ မျက်ခုံးမွေးကြောင့် ယခုရုရှားနိုင်ငံအတွက် အမျိုးသားရေးရုပ်မြင်သံကြားလိုင်းမှာ ပါဝင်ဖို့ စီစဉ်ထားပါတယ်။ Betty မှာ ပရိသတ် ၁၅၀၀ ကျော်ရှိတဲ့ Instagram ကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

Zawgyi

ထင္ရွားလြန္းတဲ့ ေမြးရာပါမ်က္ခုံးေလးေတြေၾကာင့္ ေမြးစားမဲ့သူမရွိခဲ့တဲ့ ေဂဟာမွေခြးေလး (႐ုပ္သံ)

႐ုရွားႏိုင္ငံ Bratsk ၿမိဳ႕က Dobrie Ruki (Kind Hands) တိရိစာၦန္ကာကြယ္ေစာင့္ေရွာက္ေရးစင္တာမွာ ရွိတဲ့ အိမ္ေစာင့္ ေတြက Betty ရဲ႕ အနက္ေရာင္မ်က္ခုံးကို ပထမဆုံးအႀကိမ္ေတြ႕တဲ့အခါ သူတို႔က တစ္စုံတစ္ဦးဟာ တိရစာၦန္ကို ျခယ္သထားတယ္ လို႔ ထင္ေနၾကတာပါ။ သူတို႔က Betty ကို ေကာင္းေကာင္းေဆးေၾကာခဲ့ၾကေပမယ့္ မ်က္ခုံးေတြက လုံးဝေပ်ာက္မသြားတာေၾကာင့္ ၎ဟာ သဘာဝမွန္ သိခဲ့ရပါတယ္။ Dobrie Ruki က ေစတနာ့ဝန္ထမ္းျဖစ္တဲ့ Olesya Novopoltseva ဟာ “ ဒီေနရာကို ကြၽန္မ အခ်ိန္အေတာ္ၾကာအလုပ္လုပ္ခဲ့ဖူးေပမယ့္ ဒီလိုမ်ိဳးတစ္ခါမွမျမင္ဖူးဘူး” လို႔ ထပ္မံေျပာၾကားခဲ့ပါတယ္။

Betty လိုထူးျခားတဲ့ ေခြးတစ္ေကာင္ဟာ သူမကို ေမြးစားဖို႔ ေစာက္ေရွာက္ေရးစင္တာရဲ႕ ျပင္ပမွာတန္းစီေနတဲ့ လူေတြရွိလိမ့္မယ္လို႔ သင္ ထင္မိလိမ့္မာပါ။ ဒါေပမယ့္ တကယ္ေတာ့ သူမရဲ႕မ်က္ခုံး‌ေမြးက လူေတြကိုထြက္ေျပးေစေလာက္ေအာင္ ႐ုပ္ဆိုးတာေၾကာင့္ သူတို႔အားလုံးက သူမကို ေမြးစားျခင္းမျပဳခဲ့ၾကပါဘူး။ ကံေကာင္းတာက၊ ေစာက္ေရွာက္ေရးသမားေတြက သူမအေပၚအရႈံးမေပးဘဲ Betty ရဲ႕ ဓာတ္ပုံေတြကို ဆိုရွယ္မီဒီယာေပၚ တင္ၿပီးေနာက္ သူမက ပိုင္ရွင္တစ္ဦး ကိုရွာေတြ႕ခဲ့လိုက္ပါတယ္။

Oksana အမည္ရွိ တဲ့ဘအမ်ိဳးသမီးတစ္ဦးက ” Betty နဲ႔ပတ္သက္တဲ့ post ကို ကြၽန္မေတြ႕တဲ့အခါ ကြၽန္မ တကယ္ဝမ္းနည္းမိပါတယ္။ သူမကို ကြၽန္မရဲ႕ ေခြးေလးျဖစ္ေစခ်င္ခဲ့တယ္။ ” လို႔ ေျပာခဲ့ပါတယ္။ Betty ကို ေမြးစားၿပီးေနာက္ Oksana က Betty ရဲ႕ ဓာတ္ပုံေတြကို အြန္လႈိင္းေပၚ တင္ၿပီးေနာက္ ဆိုရွယ္မီဒီယာေပၚမွာ ေလျမန္စြာပ်ံ႕ႏွံ႔သြားခဲ့ၿပီး Betty ရဲ႕ ထူးျခားတဲ့ မ်က္ခုံးေမြးေၾကာင့္ ယခု႐ုရွားႏိုင္ငံအတြက္ အမ်ိဳးသားေရး႐ုပ္ျမင္သံၾကားလိုင္းမွာ ပါဝင္ဖို႔ စီစဥ္ထားပါတယ္။ Betty မွာ ပရိသတ္ ၁၅၀၀ ေက်ာ္ရွိတဲ့ Instagram ကို ပိုင္ဆိုင္ႏိုင္ခဲ့ပါၿပီ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*