တံခါးလောစ့်ကျနေတဲ့ ကားအတွင်းမှာ အိပ်မောကျနေခဲ့တဲ့ ကလေးငယ်ကို လူတစ်စုကဝိုင်းဝန်းလှုပ်နှိုးခဲ့ကြရတဲ့အဖြစ်

တံခါးလောစ့်ကျနေတဲ့ ကားအတွင်းမှာ အိပ်မောကျနေခဲ့တဲ့ ကလေးငယ်ကို လူတစ်စုကဝိုင်းဝန်းလှုပ်နှိုးခဲ့ကြရတဲ့အဖြစ်

ပြီးခဲ့တဲ့အပတ်က မလေးရှားနိုင်ငံမှ ကလေးငယ်တစ်ဦး တံခါးလောစ့်ကျနေတဲ့ကားအတွင်းထဲ အိပ်မောကျနေခဲ့တဲ့ video ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးကို ရေပန်းစားခဲ့ပါတယ် ။ Video ထဲမှာတော့ ကားအတွင်းထဲအိပ်မောကျနေတဲ့ ကလေးငယ်ကို အမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီး ကားတံခါးခေါက်ကာ ကလေးငယ်ကိုအော်နှိုးခဲ့ပါတယ် ။

ထိုအချိန်မှာပဲ ပတ်ဝန်းကျင်မှ လူအတော်များများဟာလည်း ရောက်ရှိလာပြီး ကားကိုလှုပ်ခါကာ ကလေးငယ်ကိုဝိုင်းပြီး အော်နှိုးခဲ့ကြပါတယ် ။ ကလေးငယ်က အတော်လေးကို အိပ်မောကျနေလို့ တော်တော်နဲ့မနှိုးခဲ့ပါဘူး ။ အချိန်အတော်ကြာ ကားကိုလှုပ်နှိုးပြီးကာမှ ကလေးငယ်ဟာ စဝေစဝါနဲ့ နှိုးထလာခဲ့ပြီး ၊ ကလေးငယ်ကို ကားတံခါးဖွင့်ဖို့ လူအုပ်ကြီးက ပြောဆိုခဲ့ပါတယ် ။

ကလေးငယ်ကို တံခါးလောစ့်ချထားတဲ့ ကားအတွင်းအိပ်စေခြင်းက carbon monoxide ရှုရှိုက်မိလို့ အဆိပ်သင့်စေကြောင်း နှင့် အဆိုပါအခြေအနေမျိုးမှာ ကားပုတင်းပေါက်ကို ချထားခြင်းက ကလေးငယ်တွေအတွက် ပိုပြီး အန္တရာယ်ကင်းစေကြောင်း ပြောဆိုခဲ့ကြပါတယ် ။

Zawgyi





 

Be the first to comment

Leave a Reply

Your email address will not be published.


*