တဲ သေးသေးလေးထဲမှာနေထိုင်ပြီး အခင်းမပါဘဲ ကြမ်းပြင်ပေါ်မှာ အိမ်နေရတဲ့ အဘွားအို

တဲ သေးသေးလေးထဲမှာနေထိုင်ပြီး အခင်းမပါဘဲ ကြမ်းပြင်ပေါ်မှာ အိမ်နေရတဲ့ အဘွားအို

Uncle Kentang ဟာ တဲသေးသေးလေးထဲမှာနေပြီး ကြမ်းပြင်ပေါ်မှာ အိမ်နေရတဲ့ တရုတ်အဘွားအိုကို သူ့ရဲ့ Facebook page မှာ ကူညီဖို့ တင်ခဲ့ပါတယ်။ “ဒီအဘွားကြီးကို ချီးကျူးမိပါတယ်။

သူမရဲ့တဲအိမ်က သေးငယ်ပေမဲ့လည်း သန့်သန့်ရှင်းရှင်းနဲ့ ကောင်မွန်စွာထိန်းသိမ်းနေထိုင်ပါတယ်။ အဲ့ဒီ အဘွားကြီးက ပတ်လည်အကျယ် ၁၀ပေ ဘဲရှိတဲ့ တဲအိမ်သေးလေးထဲမှာ အခင်းမရှိဘဲနဲ့ ကြမ်းပြင်ပေါ်မှာ ၁၁ နှစ်လုံးလုံး အိပ်နေခဲ့ရ တာပါ။ သူမက အစားအစာအတွက် တဲအိမ်ပတ်လည်တွေမှာ စိုက်ထားတဲ့ဟင်းသီးဟင်းရွက်တွေကို ရောင်းပြီး မှီခှို အားထားနေရပါတယ်။

” ဆိုပြီး Uncle Kentang က ရေးခဲ့ပါတယ်။ “သူမရဲ့ စနစ်ကျကျထိန်းသိမ်းမှုတွေကို မြင်ရတာ အရမ်းဘဲသဘောကျစရာကောင်းလှပါတယ်။ ဆင်းရဲတယ်ဆိုပေမဲ့ သူ့ရဲ့တဲအိမ်လေးကို စမတ်ကျအောင်လုပ်ပြီး သေသပ်စွာ နေထိုင်နေပါတယ်။ သူမနဲ့ဆုံတွေ့ခွင့်ပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

သူမက ညအချိန်တွေမှာ လနဲ့ ကြယ်လေးတွေကို ကြည့်ရတာ နှစ်သက်တယ်ဆိုပြီး ကျွန်တော့်ကို ပြောခဲ့တာပါ။ တကယ့်ကို ထူးကဲပြီး လောကဓံကို ကြမ်းကြမ်းခံ နိုင်တဲ့ အဘွားကြီးပါလား။ သူမကို ဘုရားသခင်ကောင်းချီးပေးပါစေ။ ကျွန်တော် သူမအတွက် အိပ်ယာခင်းတွေ ဝယ်လှူပေးရမယ်။” လို့ Uncle Kentang က ပြောခဲ့သေးပါတယ်။ သူက အဲ့ဒီအဘွားကို ကူညီပေးဖို့ အခြားသူတွေကိုလည်း ဆော်ဩခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*