တောရွာလေးမှာ လှပလွန်းတဲ့ဝါးအိမ်တွေ တည်ဆောက်ဖို့ အောင်မြင်နေတဲ့လုပ်ငန်းကြီးကို စွန့်လွတ်ပစ်ခဲ့တဲ့ အမျိုးသမီး

တောရွာလေးမှာ လှပလွန်းတဲ့ဝါးအိမ်တွေ တည်ဆောက်ဖို့ အောင်မြင်နေတဲ့လုပ်ငန်းကြီးကို စွန့်လွတ်ပစ်ခဲ့တဲ့ အမျိုးသမီး

Elora Hardy နဲ့ သူမရဲ့ဖခင် John Hardy တို့ဟာ သဘာဝတရား နဲ့ အနီးကပ်နေထိုင်ရခြင်းဟာ ပျော်ရွှင်မှုရှိပြီး ပိုမိုကျန်းမာစေကြောင်းကို ယုံကြည်နေကြတာပါ ။ ဒါ့ကြောင့် Elora ဟာ New York မြို့မှာ သူမအောင်မြင်တဲ့ ဖက်ရှင်အသက်မွေးဝမ်းကျောင်းမှုကို စွန့်လွှတ်ပြီး ဝါးအိမ်များဆောက်လုပ်ရန် တောထဲကို ထွက်ခွာသွားခဲ့ပါတယ် ။

 

Bali အခြေစိုက် ဒီဇိုင်နာများ၊ ဗိသုကာများနဲ့ လက်မှုပညာရှင်များနဲ့ အတူ Canada လက်ဝတ်ရတနာဒီဇိုင်းပညာရှင် တစ်ဦးဖြစ်တဲ့ Elora က သူ့ရဲ့လုပ်ငန်းတွေကို စွန့်လွှတ်ပြီး သူမရဲ့ဖခင်တို့နဲ့အတူ စိမ်းလန်းစိုပြေတဲ့ သစ်တောများနဲ့ ဝန်းရံထားပြီး အိမ် ၁၂ လုံးပါဝင်တဲ့ Green Village ကို စတင်ဖန်တီးခဲ့ကြပါတယ် ။ သူတို့ရဲ့အိမ်ဟာ ရေရှည်တည်တံ့ခိုင်မြဲပြီး တစ်ခုစီဟာ ဒီဇိုင်းမျိုးစုံနဲ့ ကွဲပြားပြီး ထူးခြားစေခဲ့ပါတယ် ။အိမ်ကို ပတ်ဝန်းကျင်ရဲ့ သဘာဝအလှတရားတွေ မဖျက်ဆီးဘဲ တည်ဆောက်ခဲ့တာပါ ။

 

သူတို့ကအုန်းပင်ကို အိမ်ပတ်လည်မှာ အမိုးအဖြစ် အသုံးပြုလိုက်ပါတယ် ။ “ကျွန်ုပ်တို့ရဲ့ နေအိမ်ဟာ မနက်ခင်းနိုးလာတာနဲ့ သာယာပျော်မြူးဖွယ်ကောင်းတဲ့ ငှက်တေးသံလေးကြားပြီး နိုးထရတာက ပျော်စရာကောင်းတယ် ၊ စိတ်ချမ်းသာတယ် ” လို့ ဖခင်ဖြစ်သူ John က ဆိုပါတယ် ။ နှစ်အနည်းငယ်အတွင်းသံမဏိရဲ့ အင်အားနဲ့ အလေးချိန်အချိုးအစားရှိခြင်းဖြင့် ဝါးများဟာ ကွန်ကရစ်ရဲ့ ဖိအားစွမ်းအားရှိပြီး ကောင်းမွန်စွာ ကုသပါက တစ်သက်တာလုံးတည်တံ့နိုင်ပါတယ် ။

Zawgyi

ေတာ႐ြာေလးမွာ လွပလြန္းတဲ့ဝါးအိမ္ေတြ တည္ေဆာက္ဖို႔ ေအာင္ျမင္ေနတဲ့လုပ္ငန္းႀကီးကို စြန႔္လြတ္ပစ္ခဲ့တဲ့ အမ်ိဳးသမီး

 


Elora Hardy နဲ႔ သူမရဲ႕ဖခင္ John Hardy တို႔ဟာ သဘာဝတရား နဲ႔ အနီးကပ္ေနထိုင္ရျခင္းဟာ ေပ်ာ္႐ႊင္မႈရွိၿပီး ပိုမိုက်န္းမာေစေၾကာင္းကို ယုံၾကည္ေနၾကတာပါ ။ ဒါ့ေၾကာင့္ Elora ဟာ New York ၿမိဳ႕မွာ သူမေအာင္ျမင္တဲ့ ဖက္ရွင္အသက္ေမြးဝမ္းေက်ာင္းမႈကို စြန႔္လႊတ္ၿပီး ဝါးအိမ္မ်ားေဆာက္လုပ္ရန္ ေတာထဲကို ထြက္ခြာသြားခဲ့ပါတယ္ ။

 

Bali အေျခစိုက္ ဒီဇိုင္နာမ်ား၊ ဗိသုကာမ်ားနဲ႔ လက္မႈပညာရွင္မ်ားနဲ႔ အတူ Canada လက္ဝတ္ရတနာဒီဇိုင္းပညာရွင္ တစ္ဦးျဖစ္တဲ့ Elora က သူ႔ရဲ႕လုပ္ငန္းေတြကို စြန႔္လႊတ္ၿပီး သူမရဲ႕ဖခင္တို႔နဲ႔အတူ စိမ္းလန္းစိုေျပတဲ့ သစ္ေတာမ်ားနဲ႔ ဝန္းရံထားၿပီး အိမ္ ၁၂ လုံးပါဝင္တဲ့ Green Village ကို စတင္ဖန္တီးခဲ့ၾကပါတယ္ ။ သူတို႔ရဲ႕အိမ္ဟာ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး တစ္ခုစီဟာ ဒီဇိုင္းမ်ိဳးစုံနဲ႔ ကြဲျပားၿပီး ထူးျခားေစခဲ့ပါတယ္ ။အိမ္ကို ပတ္ဝန္းက်င္ရဲ႕ သဘာဝအလွတရားေတြ မဖ်က္ဆီးဘဲ တည္ေဆာက္ခဲ့တာပါ ။

 

 

သူတို႔ကအုန္းပင္ကို အိမ္ပတ္လည္မွာ အမိုးအျဖစ္ အသုံးျပဳလိုက္ပါတယ္ ။ “ကြၽႏ္ုပ္တို႔ရဲ႕ ေနအိမ္ဟာ မနက္ခင္းႏိုးလာတာနဲ႔ သာယာေပ်ာ္ျမဴးဖြယ္ေကာင္းတဲ့ ငွက္ေတးသံေလးၾကားၿပီး ႏိုးထရတာက ေပ်ာ္စရာေကာင္းတယ္ ၊ စိတ္ခ်မ္းသာတယ္ ” လို႔ ဖခင္ျဖစ္သူ John က ဆိုပါတယ္ ။ ႏွစ္အနည္းငယ္အတြင္းသံမဏိရဲ႕ အင္အားနဲ႔ အေလးခ်ိန္အခ်ိဳးအစားရွိျခင္းျဖင့္ ဝါးမ်ားဟာ ကြန္ကရစ္ရဲ႕ ဖိအားစြမ္းအားရွိၿပီး ေကာင္းမြန္စြာ ကုသပါက တစ္သက္တာလုံးတည္တံ့ႏိုင္ပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*