တောရိုင်းတိရိစ္ဆာန်ကို အိမ်မွေးကြောင်တစ်ကောင်အနေဖြင့် ကျွေးမွေးပြုစုခဲ့တဲ့ စုံတွဲနှစ်ဦး(ရုပ်သံ)

တောရိုင်းတိရိစ္ဆာန်ကို အိမ်မွေးကြောင်တစ်ကောင်အနေဖြင့် ကျွေးမွေးပြုစုခဲ့တဲ့ စုံတွဲနှစ်ဦး(ရုပ်သံ)

Mariya နဲ့ Aleksandr Dmitriev တို့ စုံတွဲနှစ်ဦးဟာ ပေါင် ၉၀ လောက်ရှိတဲ့ မက်စီအမည်ရှိ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ကို ကျွေးမွေးပြုစုထားပါတယ်။မက်စီကို Penza မြို့ရှိ Saransk တိရိစ္ဆာန်ရုံမှာ ရှစ်လသားအရွယ်ကစပြီး တွေ့ရှိခဲ့တာပါ။

 

ဇနီးဖြစ်သူ Mariya ပြောကြားချက်အရ အသက် ၃၈နှစ်ရှိပြီးဖြစ်တဲ့ Aleksandr ဟာ ကြောင်ကြီးတစ်ကောင်ပိုင်ဆိုင်ဖို့အတွက်ကို အမြဲစိတ်ကူးယဥ်ခဲ့ဖူးပါတယ်။ဒါပေမဲ့ မက်စီ လို့ခေါ်တဲ့ ကျားကို ကြောင်ကြီးတစ်ကောင်အနေနဲ့ကျွေးမွေးရတာဟာ ရှင်းပြဖို့ခဲယဥ်းနေပါတယ်။

 

”အဲ့ဒီထူးခြားဆန်းပြားတဲ့ အိမ်မွေးတိရိစ္ဆာန်ကို စောင့်ရှောက်ရတာဟာ ထူးဆန်းနေမလား၊ကောင်းရောကောင်းပါ့မလားဆိုပြီး သုံးရက်ကြာကြာ စဥ်းစားခဲ့သေးပါတယ်။ကျွန်မတို့ရဲ့ ရုတ်တရက်ထွက်ပေါ်လာတဲ့ဆန္ဒကို ဘယ်သူမှ တာဆီးလို့မရနိုင်ပါဘူး။ဒါကြောင့် ကျွန်တော်တို့ တိရိစ္ဆာန်ရုံကိုသွားပြီး မက်စီကိုဝယ်ဖို့ ညှိနှိုင်းခဲ့ပါတယ်။

တိရိစ္ဆာန်ရုံ စောင့်ရှောက်ရေးသမားက သဘောတူလိုက်တဲ့အခါ ကျွန်မတို့ အရမ်းအံ့သြသွားခဲ့ပါတယ်။” လို့ အသက် ၂၈နှစ်အရွယ် Mariya က Mirror မှာ ပြောကြားခဲ့ပါတယ်။အခြားသော အိမ်မွေးတိရိစ္ဆာန်များနည်းတူ မက်စီဟာလည်း ခွေးတစ်ကောင်လိုဘဲ သူ့ရဲ့သခင်ဖြစ်တဲ့ Mariya တို့ စုံတွဲနဲ့အတူ လမ်းလျောက်ထွက်ပြီး လေ့ကျင့်ခန်းတွေ လေ့ကျင့်ပေးနေခဲ့ပါတယ်။

 

ဒါပေမဲ့ မက်စီကို ခွေးနဲ့မတူတဲ့အတွက်ကြောင့် တောရိုင်းတိရိစ္ဆာန်ကိုင်တွယ်သူအားရှာဖွေရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ပါဘူး။နောက်ဆုံးမှာတော့ ကွဲပြားတဲ့ အမိန့် (၁၀)ခုနဲ့ ခွေးလေ့ကျင့်ရေးကျောင်းတစ်ခုကို တွေ့ရှိခဲ့လိုက်ပါတယ်။”မက်စီက ကျွန်တော်တို့ရဲ့မိသားစုဝင်ဖြစ်တာကြောင့် ဆိုးသွမ်းတဲ့အရာတွေလုပ်ဆောင်လိမ့်မည်မဟုတ်ကြောင့် သူ့ရဲ့အပြုအမှုကို ကြည့်ခြင်းအားဖြင့် ယုံကြည်ထားပါတယ်။မက်စီဟာ အရမ်းကြင်နာတက်ပြီး လူသားတွေနဲ့ ဆက်သွယ်နေရတာကို နှစ်သက်ပါတယ်။” လို့ Aleksandr က ပြောဆိုထားပါတယ်။

ဒါပေမဲ့ အဲ့ဒီ စုံတွဲနှစ်ဦးက တောရိုင်းတိရိစ္ဆာန်တွေနဲ့ အတူ တခါမှ မနေထိုင်ဖူးတဲ့အတွက်ကြောင့် “အိမ်မာ ဒီလောက်ကြီးမှာတဲ့ ကြောင်နဲ့ အတူရှိနေတာ တော်တော့်ကိုအန္တရာယ်ကြီးမားပါတယ်။ဒါပေမဲ့ မက်စီက လူတွေကိုအန္တရာယ်ပြုမဲ့ တိရိစ္ဆာန်မဟုတ်နိုင်ပါဘူး။”ဆိုပြီး Mariya နဲ့ Aleksandr တို့က Mirror မှာ ပြောကြားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*