တောင်းပန်ပါတယ် ငါ့ကလေးနေမကောင်းလို့ပါ ဟုဆိုပြီး အေးအေးဆေးဆေး ပိုက်ဆံတောင်းသွားသည့် လူငယ်တစ်ဦး

တောင်းပန်ပါတယ် ငါ့ကလေးနေမကောင်းလို့ပါ ဟုဆိုပြီး အေးအေးဆေးဆေး ပိုက်ဆံတောင်းသွားသည့် လူငယ်တစ်ဦး

လူ့လောကထဲသို့ ရောက်ရှိလာပြီဆိုလျှင် လူသားတိုင်းဟာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြရပြီး ကြိုးစားနေကြရသူများပင် ဖြစ်ပေသည်။အချို့လူသားများသည် အခက်အခဲများကြုံတွေ့လာသည့်အခါတွင် ဖြေရှင်းရန်လိုအပ်လာပါက မသမာသောနည်းလမ်းများကို အသုံးပြုရန်အတွက် ကြိုးစားလာတတ်ကြပေသည်။

ယခုတွင်လည်း အမေရိကန်နိုင်ငံတွင် လူငယ်တစ်ဦးဟာ အခက်အခဲကိုကြုံတွေ့နေရသောကြောင့် ဆိုင်တစ်ဆိုင်ကို ဓားပြဝင်တိုက်ခဲ့ပုံရပါတယ်။

ကောင်လေးဟာ USA Rite Aidလို့အမည်ပေးထားသည့် ဆေးဆိုင်အတွင်းသို့ ဝင်ရောက်လာကာ ငါစိတ်မကောင်းပါဘူး ပိုက်ဆံတွေထုတ်ပေးလိုက်ပါ ငါ့သားလေးနေမကောင်းဘူးဟုပြောကာ ဓားပြတိုက်သွားခဲ့ပါတယ်။

ထိုအကြောင်းကို ဆိုင်ရှင်က ရဲစခန်းသို့တိုင်ကြားလိုက်သောအခါ ရဲများက မည်သို့ပင်ပြောဆိုပါစေ ကောင်လေးရဲ့လုပ်ရပ်ဟာ ခွင့်လွှတ်၍မရနိုင်သော အမှားဖြစ်ပြီး ဖမ်းဆီးရန် ရှာဖွေနေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*