တောင့်တင်းတဲ့ကြွက်သားနှင့် ကြည့်ကောင်းတဲ့ရုပ်ရည်တို့ကြောင့် သူ့ရဲ့အတန်းချိန်အား တက်ချင်တဲ့သူ များပြားလာစေခဲ့တဲ့ ကျောင်းဆရာ

တောင့်တင်းတဲ့ကြွက်သားနှင့် ကြည့်ကောင်းတဲ့ရုပ်ရည်တို့ကြောင့် သူ့ရဲ့အတန်းချိန်အား တက်ချင်တဲ့သူ များပြားလာစေခဲ့တဲ့ ကျောင်းဆရာ

လွန်ခဲ့သောရက်အနည်းငယ်က ကိုးရီးယားဘာသာကို အင်တာနက်ပေါ်တွင် သင်ကြားသည့် ပါမောက္ခတစ်ယောက်ရှိနေခဲ့ပါတယ်။သူဟာ လက်ရှိမှာ ထိုင်ဝမ် Taichung မြို့ရှိ Lingdong သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် စာသင်ကြားပေးနေပါတယ်။သူဟာ ထင်ရှားကျော်ကြားတဲ့အပြင် ကိုးရီးယားအနုပညာရှင်နှင့်တူတဲ့ထူးခြားတဲ့မျက်နှာသွင်ပြင်လည်း ရှိနေပါတယ်။အစပိုင်းမှာတော့ သူဟာ ချောမောတဲ့ကျောင်းဆရာတစ်ယောက်လို့သာ ထင်ခဲ့ပါတယ်။

ကိုးရီးယားဘာသာကို သင်ကြားရာမှာ သူဟာ မိုက်ကရိုဖုန်းကို ကောက်ယူလိုက်တဲ့အခါ သူဟာ အလွန်ကြည့်ကောင်းနေခဲ့ပေမဲ့ လူအများစုက အဆိုပါဆရာရဲ့လက်မောင်းကြွက်သားများ၊ ရင်ဘတ်ကြွက်သားများနှင့် အဖြူရောင်တီရှပ်၀တ်ဆင်ထားသည့် ပုံကိုသာ သတိပြုမိခဲ့ကြပါတယ်။

ဖြစ်နိုင်သည်မှာ ကျောင်းသားအများစုဟာ စာသင်ကြားနေစဉ်အတွင်း အဆိုပါကြည့်ကောင်းတဲ့ဆရာကိုသာ စိုက်ကြည့်နေမိကြမှာ ကြိမ်းသေပါဘဲ။ထို့ကြောင့် ဒီကြည့်ကောင်းတဲ့ကိုးရီးယားဆရာက မိန်းကလေးများစွာကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ အတည်ပေါက်ပြောချင်ပါတယ်။

ထို့အပြင် Kim Byung-soo ဆိုတဲ့တောင်ကိုးရီးယားအမည်ရှိတဲ့ သူဟာ ယခုနှစ်တွင် အသက် ၃၀ ရှိပြီဖြစ်ပါတယ်။Kim ဟာ စာသင်ခန်းထဲနှင့်အင်တာနက်ပေါ်မှာ အတော်လေး နာမည်ကြီးနေပါတယ်။Kim ဟာ Instagram မှာ လူကြိုက်များတယ်လို့ ဆိုနိုင်သလို ယခုအချိန်အထိ Kimဟာ followerပေါင်း ၅၃,၀၀၀ စုဆောင်းထားရုံသာမက သူ့ရဲ့ social website ဓါတ်ပုံများကို ကြည့်လိုက်တဲ့အခါ တောင်ကိုးရီးယား boy band များရဲ့ရုပ်ရည်အတိုင်းကို တွေ့မြင်နိုင်ပါတယ်။

Kim ဟာ သူ့ရဲ့Instagramပုံထဲကအတိုင်း လက်တွေ့အပြင်မှာလည်း အတော်လေး ကြည့်ကောင်းပါတယ်။တောင်ကိုးရီးယားဇာတိဖြစ်တဲ့ Kim Byung Soo ဟာ ထိုင်ဝမ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပါတယ်။

သူဟာ “ တရုတ်ဘာသာစကားသင်ကြားရေးဌာန” တွင် လေ့လာသင်ယူခဲ့ပြီး တရုတ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ခဲ့ပါတယ်။Kimဟာ “ One in Two” အစီအစဉ်တွင် ဧည့်သည်အဖြစ် အကြိမ်ကြိမ် ပါဝင်ခဲ့ပါသေးတယ်။

၎င်းအစီအစဉ်ကို TVမှာ ထုတ်လွှင့်ပြသပြီးနောက်မှာ တရုတ်စကားကျွမ်းကျင်စွာ ပြောဆိုနိုင်တဲ့ Kim Byung Soo ဟာ လူကြိုက်များလာခဲ့ပါတယ်။

လက်ရှိမှာ နိုင်ငံရဲ့အချက်အချာကျတဲ့ ကျောင်း ၂ ကျောင်းတွင် စာသင်ကြားပေးနေတဲ့အပြင် Kim ဟာ သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝနှင့် အားကစားလှုပ်ရှားမှုများကို Instagram တွင် တင်ရန် တွန့်ဆုတ်နေလျက်ရှိပါတယ်။

သူ့ရဲ့ကြည့်ကောင်းတဲ့မျက်နှာနှင့် တောင့်တင်းတဲ့ကြွက်သားများကိုကြည့်ခြင်းအားဖြင့် တောင်ကိုးရီးယားအမျိုးသားများရဲ့အခြေခံအသွင်အပြင်ဘဲ ဖြစ်ပါတယ်။ထို့အပြင် Kimဟာ YouTube ပေါ်တွင် “Kim Byung-soo’s Day ” ဆိုတဲ့ channel ကို ဖွင့်ထားပြီး သူ့ရဲ့အခြေခံနေထိုင်မှုပုံစံ VLOGs များကိုလည်း တင်လေ့ရှိပါတယ်။

Kim ဟာ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကို ကောင်းကောင်းထိန်းသိမ်းတတ်သလို ကိုယ့်ရဲ့ဘာသာစကားကိုလည်း ကောင်းမွန်စွာ ပြောဆိုတတ်ပြီး မိမိရဲ့လူမျိုးများနှင့် မိတ်ဆွေဖြစ်ရခြင်းကို နှစ်သက်ပုံရပါတယ်။

သူ့ရဲ့အလုပ်များလွန်းတဲ့ဘဝကြီးမှာ ထိုကဲ့သို့သော ကြည့်ကောင်းချောမောတဲ့ယောက်ျားတစ်ယောက်ဟာ နာမည်ကြီးလူကြိုက်များဖို့ ထိုက်တန်လှပါတယ်။

Kim Byung Soo ၏သင်ကြားပို့ချမှုဓာတ်ပုံများပျံ့နှံ့သွားပြီးနောက် netizen များစွာဟာ အလွန်အမင်း စိတ်ဝင်စားသွားခဲ့ကြပြီး “ ငါလည်း သူ့ရဲ့ကျောင်းသားဖြစ်ချင်လိုက်တာ” ၊ “ အဲ့လိုဆရာနဲ့ဆို ငါတစ်သက်လုံး အတန်းမပျက်တော့ဘူး” ၊ “ သူ့အတန်းက ပျော်စရာကောင်းမဲ့ပုံဘဲ” စတဲ့ မှတ်ချက်များစွာကိုလည်း ပေးခဲ့ကြပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*