
တိုက်ခန်းထဲတွင် အလှထားသော ကြက်တူရွေးရုပ်အား သူငယ်ချင်း အဖော်ထင်ပြီး နေ့စဉ် လာရောက်လည်ပတ်လေ့ရှိသည့် ချစ်စဖွယ်ကြက်တူရွေးလေး
လူသားတို့သည် လောကကြီးတွင် ဖြစ်တည်နေသော တိရစ္ဆာန်လေးများအား တစ်ပုံစံတည်းတူသော ကာတွန်းရုပ်ပုံအဖြစ် ဖန်တီးကာ ဈေးကွက်စီးပွားရေးအဖြစ် ရောင်းချကြသည်။သို့ဖြစ်၍ သြစတြေးလျနိုင်ငံမှ တိုက်ခန်းပြတင်းပေါက်ဘေးတွင် ကြက်တူရွေးရုပ်တုအား အလှအဖြစ် ထားရှိလျက်ရှိသည်။
တစ်နေ့တွင် ထိုတိုက်ခန်းအပြင်ဖက်ကနေ ကြက်တူရွေးအစစ် တစ်ကောင်သည် အထဲတွင်အလှထားထားသော ပုံတူရုပ်တုကို သူငယ်ချင်း အဖော်ထင်ပြီး စကားပြောဆိုဟန်နှင့် တတွတ်တွတ် ရွတ်နေခဲ့သည်။
သို့သော် ရုပ်တုကား သူ့ဖက်က စကားတွေအအျားကြီးဆိုခဲ့သော်လည်း ဘာမျှတုံ့ပြန်ခြင်း မရှိ၍ ချစ်စဖွယ် ကြက်တူရွေးလေးမှာ စဉ်းစားရခက်သွားခဲ့သည်။
ထိုမြင်ကွင်းကို တွေ့ရှိသွားသော အခန်းပိုင်ရှင်မှ ကြက်တူရွေးလေးဧ။် အဖြစ်အား လူမှုကွန်ယက်တွင် မျှဝေခဲ့ပြီး ချစ်စဖွယ် ကြက်တူရွေးလေးမှာ တိုက်ခန်းပြတင်းပေါက်နားသို့ နေ့စဉ် လာရောက်လည်ပတ်လေ့ရှိကြောင်း ဆိုခဲ့သည်။
Zawgyi
Leave a Reply