တရုတ်ပြည်က အမျိုးသမီးငယ်တွေဟာ သူတို့ကိုယ်သူတို့ တိုက်ရိုက်ထုတ်လွှင့်ပြီး တစ်လကို ဒေါ်လာ ၂၀၀၀၀ လောက် ဝင်ငွေရရှိနေ

ငယ်ရွယ်တဲ့ တရုတ်ပြည်က အမျိုးသမီး ဆိုရှယ်မီဒီယာ (ဆယ်လီ) စတားတွေဟာ သူတို့ရဲ. ဖုန်းကို အသုံးပြုပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွေ ပြုလုပ်ခြင်းကနေ ဝင်ငွေများစွာ ရရှိနေတယ်လို့ သိရပါတယ်။

တရုတ် တိုက်ရိုက်ထုတ်လွှင့်မှု လောကဟာ တစ်နေ့တစ်ခြား ကြီးထွားလာပြီး ၊ အခုဆိုရင် တန်ဖိုး ဒေါ်လာ ၁၁ ဘီလီယံထိရှိနေပြီ ဖြစ်ကာ နိုင်ငံရဲ. ရုပ်ရှင်လောကထက်တောင် ပိုမိုကြီးထွားလာတဲ့ အနေအထားပါ ။ နှိုင်းယှဉ်မှုတွေအရ တွိစ်တာ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၁၀ မီလီယံ အသုံးပြုသူတွေ ရှိနေပေမယ့် တရုတ်ပြည်ရဲ. ထိပ်တန်း တိုက်ရိုက်ထုတ်လွှင့်မှု အပလီကေးရှင်း ငါးခုရဲ. အသုံးပြုသူဟာ ၈၅ မီလီယံထိ ရှိနေတာပါ။

တရုတ်နိုင်ငံက အသက် ၁၉ နှစ်အရွယ် ကျောင်းသူ Qi Ru ဟာ သူမကို follow ပြုလုပ်ထားသူပေါင်းများစွာ ရှိတဲ့ လူတစ်ဦးဖြစ်ပြီး သူမက အခုလို ဆိုပါတယ် ။

“လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းတွေ ရှိကြပေမယ့် ဒါကို ပြန်လည်ဖော်ထုတ်ပြသဖို့ နေရာ မရှိပါဘူး ၊ အခုတော့ ကိုယ်ရဲ. စမတ်ဖုန်းတွေကို အသုံးချပြီး ၊ ကိုယ်ရဲ. အရည်အချင်းတွေကို လူတိုင်းကို ချပြနိုင်တဲ့ အနေအထားမှာ ရှိနေပါပြီ”

စိတ်ဝင်စားဖို့ကောင်းတာက ဒီထင်ရှားတဲ့ တိုက်ရိုက်ထုတ်လွှင့်သူတွေဟာ ဘာမှ ထွေထွေထူးထူး လုပ်နေတာမျိုးမဟုတ်ပဲ ၊ သူတို့ရဲ. ဖုန်းကိုကိုင်ထားပြီး ၊ သူတို့ကို စောင့်ကြည့်နေသူတွေကို စကားပြောပြတာမျိုး ဟိုဟိုဒီဒီ လုပ်ပြတာမျိုး ပြုလုပ်ကြတာပါ ။ Qi က အခုလို ဆက်ပြောပါတယ်

“များစွာသော လူတွေဟာ အလုပ်ဖိအားတွေ ရှိနေပြီး ၊ သူတို့ရဲ. ဖုန်းထဲကနေ လှပတဲ့ အမျိုးသမီးတွေကို ကြည့်ရခြင်းက သူတို့ရဲ. စိတ်ကို အပန်းပြေစေပါတယ်”

ဘေဂျင်းအခြေစိုက် သတင်းထောက်တစ်ဦးကလည်း ကြည့်ရှုသူတွေနဲ့ ထုတ်လွှင့်သူတွေအကြောင်း အခုလိုဆိုပါတယ် ။

“ကြည့်ရှုသူတွေက ဘာလုပ်ပြနေတယ်ဆိုတာထက် ကြည့်လို့ကောင်းတဲ့ အမျိုးသမီးကို ကြည့်ရှုနေရခြင်းကို အဓိကထားကြတယ်” လို့ ဆိုပါတယ်။

တိုက်ရိုက်ထုတ်လွှင့်ခြင်းဟာ တရုတ်နိုင်ငံမှာတော့ ဝင်ငွေရရှိတဲ့ အလုပ်တစ်ခု ဖြစ်နေပါပြီ ၊ တိုက်ရိုက်ထုတ်လွှင့်သူတွေကို သူတို့ရဲ. ပရိသတ်တွေက virtual လက်ဆောင်တွေ ပေးနိုင်ပြီး ၊ ထုတ်လွှင့်သူတွေက ဒီလက်ဆောင်တွေကို ငွေသားအဖြစ် ပြန်လဲလှယ်နိုင်တာပါ ။ ဒီနည်းလမ်းကနေ အချို.သော ဆယ်လီတွေဟာ တစ်လကို ဒေါ်လာ နှစ်သောင်းလောက် ဝင်ငွေရနေတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*