
တန်ဖိုးကြီးလှသည့် နာမည်ကြီးအမှတ်တံဆိပ် ပိုက်ဆံအိတ်ကို ဝယ်ယူနိုင်ရန်အတွက် ၈လတိတိမစားမသောက်ဘဲ ပိုက်ဆံစုဆောင်းခဲ့သည့်အမျိုးသမီး
လူသားအများစုတို့ဟာ နာမည်ကြီးအမှတ်တံဆိပ် ကုန်ပစ္စည်းများကို ဂုဏ်ပကာသနများအတွက် ဝယ်ယူသုံးစွဲရန် ဆန္ဒရှိတတ်ကြပါတယ်။မိန်းကလေးအများစုတို့အတွက် ပိုက်ဆံအိတ်သည် သွားလေရာတွင် ယူဆောင်သွားနိုင်ရန် မဖြစ်မနေလိုအပ်သော အရာပင်ဖြစ်ပေသည်။
မလေးရှားနိုင်ငံမှ အမျိုးသမီးတစ်ဦးဟာလည်း သွားလေရာတွင် ယူဆောင်သွားသည့် ပိုက်ဆံအိတ်လေးကို နာမည်ကြီးအမှတ်တံဆိပ်ဖြင့် ကိုင်ဆောင်ရန် ဆန္ဒရှိနေခဲ့ပါတယ်။ထို့ကြောင့် ဒေါ်လာ၁၀၅၀ကျော်တန်ဖိုးရှိသည့် Gucciအမှတ်တံဆိပ်ကို ဝယ်ယူနိုင်ရန်အတွက် ပိုက်ဆံများကို စုဆောင်းခဲ့တာဖြစ်ပါတယ်။
ကောင်မလေးဟာ သူ၏လစာငွေများကို မစားမသောက်ဘဲ ၈လကြာအောင် ကြိုးစားစုဆောင်းခဲ့တာလည်းဖြစ်ပါတယ်။၈လကြာပြီးသည့်နောက်တွင်တော့ ကောင်မလေးဟာ သူအရမ်းလိုချင်နေသည့် ပိုက်ဆံအိတ်လေးကို ဝယ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
Zawgyi
Leave a Reply