တန်ဆာဆင်မြစ်ကျောက်တုံးများ ရောင်းချခြင်းဖြင့် အောင်မြင်မှုတွေရရှိနေတဲ့ “ကျောက်ခေတ်ကျေးရွာ” လို့တင်စားထားတဲ့ ရွာငယ်တစ်ရွာ

တန်ဆာဆင်မြစ်ကျောက်တုံးများ ရောင်းချခြင်းဖြင့် အောင်မြင်မှုတွေရရှိနေတဲ့ “ကျောက်ခေတ်ကျေးရွာ” လို့တင်စားထားတဲ့ ရွာငယ်တစ်ရွာ

စီချွမ်ပြည်နယ်ရှိ Yangtze မြစ်ကမ်းပါး ပေါ်မှာ တည်ရှိတဲ့ ရွာငယ်တစ်ရွာဟာ နှစ်စဉ်နှစ်တိုင်းဒေါ်လာသန်းပေါင်းများစွာ အမြတ်အစွန်းရရှိတဲ့ ကျောက်မျက်များကို တရုတ်ရဲ့အဓိကကုန်ပစ္စည်းပေးသွင်းမှုအဖြစ် လူသိများလာကြပါတယ်။ ဟီဂျီယာကျေးရွာဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြစ်ဘေးမှာ တည်ရှိပြီး အစိမ်းရောင်သစ်တောဖုံးလွှမ်းထားတဲ့ တောင်တန်းများ နဲ့ဝိုင်းရံထားပါတယ်။

၎င်းရွာရဲ့ ဒေသခံတွေက အဆင်တန်ဆာမြစ်ကျောက်တွေ စုဆောင်းခြင်းနဲ့ ရောင်းချခြင်း တို့ပြုလုပ်ကြပါတယ်။ ယင်းကျောက်မြစ်တို့က အိတ်ကပ်ထဲထည့်ဖို့ အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ထားတဲ့ သေးငယ်တဲ့ အရာမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံအနှံ့အပြားရှိ အလွန်းကြီးမားတဲ့ ကျောက်သားကြီးကိုသာ ၎င်းတို့က စုဆောင်းထားပြီး ငွေကောင်းကောင်း ရရှိကြပါတယ်။

နှစ်စဉ်နှစ်တိုင်းခရီးသွား ဧည့်သည်တို့ရဲ့ အရေအတွက်အများအပြားက ၎င်းကျောက်တွေကို လာရောက်ဝယ်ယူကြပါတယ်။ ဟီဂျီယာ ကျေးရွာဟာ မကုန်မဆုံးနိုင်တဲ့ ၎င်းသယံဇာတများရောင်းချမှုမှာ နှစ်စဉ် ယွမ်သန်း ၂၀ (ဒေါ်လာ ၃.၀၈ သန်း) ရရှိခဲ့တယ် လို့ ခန့်မှန်းရပါတယ်။ Yangtze မြစ်ထဲကို ခြောက်သွေ့ရာသီဖြစ်တဲ့ ဖေဖော်ဝါရီလ မှ ဧပြီလ အထိ ရာချီတဲ့ ရွာသားတွေက လှပပြီးချောမွေ့တဲ့ ကျောက်သားများ ရှာဖွေရန် မြစ်ကမ်းနား ဝိုင်းရံနေကြတာကို တွေ့ရပါတယ်။ ကမ်းခြေတစ်လျှောက် ၁၀ ကီလိုမီတာ နီးပါးရှိတဲ့ ကျောက်စရစ်ခဲတို့ဟာ ၃၀၀၀ ကျော် ရရှိခဲ့ပါတယ်။

ကျောက်တုံးကျောက်ခဲတွေက များသောအားဖြင့် အသက် ၃၀ ကျော်အမျိုးသားများသာ ရှာဖွေပြီး ဝယ်ယူရောင်းချကြတာပါ။ သူတို့ဟာ အကောင်းဆုံးကျောက်တုံးတွေကို စုစည်း ကောက်ယူပြီး တစ်ခါတစ်ရံမှာ ထုံးစံအတိုင်း သစ်သားထိန်သိမ်းရေးမှာ နေရာချကာ စိတ်ဝင်စားသူများထံ ရောင်းချခြင်းဖြင့် စျေးနှုန်းရဲ့ ရာခိုင်နှုန်းကို ကော်မရှင်အနေဖြင့် ထားရှိကြပါတယ်။

ဟီဂျီးယာ ရွာမှ ဒေသခံများဟာ ဆယ်စုနှစ်ပေါင်းများစွာ မြစ်ရဲ့ကျောက်တုံးတွေရဲ့ လှပမှုအကြောင်းသိရှိခဲ့ကြပြီး အချို့ကကျောက်တုံးများကို သူတို့ရဲ့အိမ်မှာ အလှဆင်ခြင်းများအဖြစ် ယူဆောင်လာတယ် လို့ ဆိုကြပါတယ်။ မြစ်ရဲ့ တန်ဖိုးအရှိဆုံး ကျောက်တုံးအချို့ဆိုရင် ထောင်ပေါင်းများစွာအထိပင် ရောင်းချနိုင်ပါတယ်။ ကျောက်တုံး ပိုင်ရှင်တွေက “ Difficult Shu Road” လို့ အမည်ပေးထားတဲ့ ကျောက်တုံးတစ်လုံးရဲ့ ပုံစံအတိုင်းဆိုရင် ယွမ် ၁၀၀၀၀၀ (ဒေါ်လာ ၁၅၄၀၀) ဖြင့် ရောင်းချနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*