တတ်တူဆရာ၏ ကောင်းမွန်လှသော ဆွဲချက်များကြောင့် ကြောက်စရာကောင်းသော ကျားပုံကိုထိုးရာမှ ကြောင်ပုံထွက်လာပြီး ငိုရမလို ရယ်ရမလိုဖြစ်နေသည့် တတ်တူးထိုးသမား

တတ်တူဆရာ၏ ကောင်းမွန်လှသော ဆွဲချက်များကြောင့် ကြောက်စရာကောင်းသော ကျားပုံကိုထိုးရာမှ ကြောင်ပုံထွက်လာပြီး ငိုရမလို ရယ်ရမလိုဖြစ်နေသည့် တတ်တူးထိုးသမား

တတ်တူးထိုးခြင်းကို လွန်ခဲ့သော နှစ်ကာလများက နိုင်ငံအသီးသီးဟာ အဓိပ္ပါယ်အမျိုးမျိုးတို့ဖြင့် ခန္ဓာကိုယ်ပေါ်တွင် ထိုးထားတတ်ကြသည်။သို့သော်လည်း ခေတ်ကာလကြာလာသည်နှင့်အမျှ ၂၁ရာစုသို့ ရောက်ရှိလာသောအခါ လူသားတို့ဟာ တတ်တူးများကို အရေးပြားပေါ်တွင်ထိုးသော ပန်းချီအနုပညာတစ်ခုအနေဖြင့် ထိုးနှံလာခဲ့ကြသည်။

ယခုတွင်လည်း အမျိုးသားတစ်ဦးသည် သူ၏ လက်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းလှသော ကျားတစ်ကောင်ပုံကို တတ်တူးသွားထိုးခဲ့ပါတယ်။သို့သော်လည်း ဆိုင်ရှင်၏ ပြောင်မြောက်လှသော လက်ရာများကြောင့် ကျားကြီး၏ပုံမထွက်ဘဲ ကြောင်တစ်ကောင်ပုံထွက်လာခဲ့ပါတယ်။

ထို့ကြောင့် အမျိုးသားဟာ အလွန်ကြေကွဲသွားခဲ့ရပြီး ထိုးပြီးသွားသောကြောင့် ငိုရမလိုရယ်ရမလိုဖြစ်နေခဲ့ပါတယ်။ထိုအကြောင်းကို အမျိုးသားဟာ လိုင်းပေါ်တွင်တင်ခဲ့ပြီး လူအများ၏ စနောက်ချင်းကို ခံခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*