
တစ်ရက်မပြည့်ခင် ကြည့်ရှုသူ၁၆သန်းကျော်သွားခဲ့သည် ဆေးရုံစောင့်ဆရာဝန်တစ်ဦး၏ သရဲခြောက်ခံရသော ဗီဒီယိုဖိုင်
တစ္ဆေသရဲနှင့် ဝိညာဥ်များကို လူအချို့တို့သည် လုံးဝအယုံအကြည်မရှိသကဲ့သို့ လူအချို့သည်လည်း ကိုယ်တိုင်ပင် ကြုံတွေ့ခဲ့ဖူးကြပါတယ်။အမှန်တကယ်တွင်လည်း မမြင်ရသော ပရလောကသားများကို မကြုံတွေ့ဖူးသူများဟာလည်း ယုံရခက် မယုံရခက် အခြေအနေမျိုးဖြစ်နေတတ်ပါတယ်။
ယခုတွင်လည်း ထိုင်နိုင်ငံမှ ဆရာဝန်တစ်ဦးဟာ ညဂျူတီတာဝန်ကျနေစဥ် မနက်၃နာရီခန့်တွင် သရဲခြောက်ခံခဲ့ရပါတယ်။ဆရာဝန်နေသော အခန်းတံခါးဟာ လူသူမရှိဘဲနှင့် ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေခဲ့ပါတယ်။ထို့ကြောင့်ဆရာဝန်ဟာလည်း အလျှင်အမြန် ဗီဒီယိုရိုက်ကူးခဲ့ပြီး ကြောက်ရွံ့နေခဲ့ပါတယ်။
စာဖတ်သူတို့အနေဖြင့်လည်း ဗီဒီယိုလေးကို ကြည့်ရှုပြီး အမှန်တကယ် သရဲခြောက်ခံရခြင်းလား လေတိုက်သောကြောင့် ဖြစ်နေခြင်းလားဆိုတာကို ခွဲခြင်းပေးပါဦး။ဗီဒီယိုထဲတွင်တော့ အခန်းတံခါးဟာ လူတစ်ယောက်လာလုပ်နေသည့်ပုံစံ ဖွင့်လိုက်ပိတ်လိုက်နှင့် ကြက်သည်းထစရာ ကောင်းလှပါတယ်။
Leave a Reply