
တစ်ယောက်က မျက်မမြင် ၊ တစ်ယောက်က လက်မရှိပေမဲ့ တစ်သက်လုံးအတူမခွဲဘဲ ပျော်ရွှင်စွာနေထိုင်လာခဲ့တဲ့ သူငယ်ချင်းနှစ်ဦး (ရုပ်သံ)
ကိုယ့်ကို မပြည့်စုံလို့ မပျော်ရွှင်နိုင်ဘူးလို့ ခံစားနေရရင် အခုဖော်ပြမဲ့ အမျိုးသားနှစ်ယောက်ရဲ့နေရာကနေ ဝင်ခံစားကြည့်လိုက်ပါ ။ သူတို့သူငယ်ချင်းနှစ်ယောက်ဟာ လူ့အသိုင်းအဝိုင်းအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို သင်သိမြင်သွားပါလိမ့်မယ် ။Jia Haixia နဲ့ Jia Wenqi တို့ဟာ တစ်ကယ့်ကို ငယ်သူငယ်ချင်းတွေပါ ။ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ 15 နှစ်ကစပြီး သစ်တောတွေထဲမှာ သစ်ပင်စိုက်ပျိုးတဲ့အလုပ်ကို လုပ်ကိုင်လာခဲ့ကြတာပါ ။ 51 နှစ်အရွယ် Haixia ဟာ မွေးဖွာလာစဉ်ကတည်းက ဘယ်ဖက်မျက်လုံး ကွယ်နေခဲ့သူပါ ။ အလုပ်မှာ မတော်တဆထိခိုက်မှုကြောင့် 2001 ခုနှစ်မှာ ညာဖက်မျက်လုံးပါ ကွယ်သွားခဲ့ပါတယ် ။ အသက် 54 နှစ်အရွယ် Wenqi မှာတော့ လျှပ်စစ်မတော်တဆမှုတစ်ခုကြောင့် အသက် 3 နှစ်အရွယ်မှာပဲ လက်နှစ်ဖက်ဆုံးရှုံးသွားခဲ့ရတာပါ ။
ထိုအချိန်မှစပြီး သူတို့နှစ်ဦးဟာ သစ်တောဋ္ဌာနတစ်ခုမှာ အတူတကွ အလုပ်လုပ်ကိုင်လာခဲ့ကြတာပါ ။ မနက်ခင်းတိုင်းစောစောထပြီး ဝေးလံတဲ့ သစ်တောတစ်လျှောက် ဖြတ်သွားပြီး သစ်ပင်စိုက်ပျိုးတဲ့အလုပ်မျိုးလုပ်ကိုင်ခဲ့ကြပါတယ် ။ ‘ ကျွန်တော်က သူ့ရဲ့လက်ဖြစ်ပေးပြီး ၊ သူက ကျွန်တော့်ရဲ့မျက်လုံးဖြစ်ပေးခဲ့ပါတယ် ‘ ဆိုပြီး Haixia က အမြဲ ဂုဏ်ယူစွာပြောပြလေ့ရှိပါတယ် ။
Haixia က သစ်ပင်စိုက်ပျိုးတဲ့တာဝန်ကိုယူပြီး ၊ Wenqi ကတော့ ရေလောင်းပေါင်းသင်တဲ့ တာဝန်ကို ယူထားပါတယ် ။ သူတို့ရဲ့တစ်နေ့တာက အမြဲပျော်ရွှင်မှုတွေနဲ့သာ ဖြတ်သန်းနေခဲ့ကြတာပါ ။ လက်ရှိမှာတော့ သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ ပင်ပန်းမှုဟာ အနာဂတ်မျိုးဆက်သစ်တွေအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို မပြောရင်လည်း သိနိုင်ပါတယ် ။
Zawgyi
တစ္ေယာက္က မ်က္မျမင္ ၊ တစ္ေယာက္က လက္မ႐ွိေပမဲ့ တစ္သက္လံုးအတူမခြဲဘဲ ေပ်ာ္ရႊင္စြာေနထိုင္လာခဲ့တဲ့ သူငယ္ခ်င္းႏွစ္ဦး (႐ုပ္သံ)
ကိုယ့္ကို မျပည့္စံုလို႔ မေပ်ာ္ရႊင္ႏိုင္ဘူးလို႔ ခံစားေနရရင္ အခုေဖာ္ျပမဲ့ အမ်ိဳးသားႏွစ္ေယာက္ရဲ႕ေနရာကေန ဝင္ခံစားၾကည့္လိုက္ပါ ။ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ဟာ လူ႔အသိုင္းအဝိုင္းအတြက္ ဘယ္ေလာက္အေရးပါလဲဆိုတာကို သင္သိျမင္သြားပါလိမ့္မယ္ ။Jia Haixia နဲ႔ Jia Wenqi တို႔ဟာ တစ္ကယ့္ကို ငယ္သူငယ္ခ်င္းေတြပါ ။ သူတို႔ႏွစ္ဦးဟာ လြန္ခဲ့တဲ့ 15 ႏွစ္ကစၿပီး သစ္ေတာေတြထဲမွာ သစ္ပင္စိုက္ပ်ိဳးတဲ့အလုပ္ကို လုပ္ကိုင္လာခဲ့ၾကတာပါ ။ 51 ႏွစ္အရြယ္ Haixia ဟာ ေမြးဖြာလာစဥ္ကတည္းက ဘယ္ဖက္မ်က္လံုး ကြယ္ေနခဲ့သူပါ ။ အလုပ္မွာ မေတာ္တဆထိခိုက္မႈေၾကာင့္ 2001 ခုႏွစ္မွာ ညာဖက္မ်က္လံုးပါ ကြယ္သြားခဲ့ပါတယ္ ။ အသက္ 54 ႏွစ္အရြယ္ Wenqi မွာေတာ့ လ်ွပ္စစ္မေတာ္တဆမႈတစ္ခုေၾကာင့္ အသက္ 3 ႏွစ္အရြယ္မွာပဲ လက္နွစ္ဖက္ဆံုး႐ႈံးသြားခဲ့ရတာပါ ။
ထိုအခ်ိန္မွစၿပီး သူတို႔ႏွစ္ဦးဟာ သစ္ေတာ႒ာနတစ္ခုမွာ အတူတကြ အလုပ္လုပ္ကိုင္လာခဲ့ၾကတာပါ ။ မနက္ခင္းတိုင္းေစာေစာထၿပီး ေဝးလံတဲ့ သစ္ေတာတစ္ေလ်ွာက္ ျဖတ္သြားၿပီး သစ္ပင္စိုက္ပ်ိဳးတဲ့အလုပ္မ်ိဳးလုပ္ကိုင္ခဲ့ၾကပါတယ္ ။ ‘ ကြၽန္ေတာ္က သူ႔ရဲ႕လက္ျဖစ္ေပးၿပီး ၊ သူက ကြၽန္ေတာ့္ရဲ႕မ်က္လံုးျဖစ္ေပးခဲ့ပါတယ္ ‘ ဆိုၿပီး Haixia က အျမဲ ဂုဏ္ယူစြာေျပာျပေလ့႐ွိပါတယ္ ။
Haixia က သစ္ပင္စိုက္ပ်ိဳးတဲ့တာဝန္ကိုယူၿပီး ၊ Wenqi ကေတာ့ ေရေလာင္းေပါင္းသင္တဲ့ တာဝန္ကို ယူထားပါတယ္ ။ သူတို႔ရဲ႕တစ္ေန႔တာက အျမဲေပ်ာ္ရႊင္မႈေတြနဲ႔သာ ျဖတ္သန္းေနခဲ့ၾကတာပါ ။ လက္႐ွိမွာေတာ့ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ ပင္ပန္းမႈဟာ အနာဂတ္မ်ိဳးဆက္သစ္ေတြအတြက္ ဘယ္ေလာက္အေရးပါလဲဆိုတာကို မေျပာရင္လည္း သိႏိုင္ပါတယ္ ။
Leave a Reply