တစ်နှစ်အကြာ လမ်းပေါ်မှာလေလွင့်ခဲ့ပြီးနောက် သခင်နဲ့ပြန်ဆုံတော့ ဇဝေဇဝါဖြစ်သွားခဲ့တဲ့ ခွေးလေး

Kelly Shade အမည်ရှိတဲ့အမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ်က အိမ်မှာအလုပ်လုပ်နေစဉ် အလုပ်သမားတစ်ဦးက တံခါးကိုဖွင့်ပြီးထွက်သွားလိုက်ချိန်မှာ Gracie လို့ခေါ်တဲ့သူမရဲ့ခွေးဟာ ဆောက်လုပ်ရေးမှဆူညံသံကြောင့် အပြင်သို့ လှစ်ခနဲပြေးထွက်သွားခဲ့ပါတယ်။

ခွေးလေးတစ်ညနေလုံးအိမ်ပြန်ရောက်မလာတော့ Shade က တစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်ခဲ့ရပြီး “ကျွန်မတို့ နေရာတိုင်းမှာ လက်ကမ်းကြောငြာစာရွက် တွေ ဝေခဲ့တယ်”လို့ ဆိုခဲ့ပြီး သူမခွေးကို microchip ပြုလုပ်ထားပေးခဲ့တဲ့အတွက်ကြောင့် တစ်ယောက်ယောက်က သူမခွေးရဲ့ microchip မှတဆင့် scan ဖတ်လိမ့်မယ်လို့မျှော်လင့်နေခဲ့ပါတယ်။

 

သူမဟာ ဖုန်း call အများကြီးရခဲ့ပေမယ့် Gracie မဟုတ်ခဲ့ပါဘူး။ လပေါင်းများစွာ အချိန်လွန်လာတာနှင့်အမျှ Shade ဟာ သူမခွေးအား ထပ်မံတွေ့ရဖို့ မျှော်လင့်ချက်ပျောက်ဆုံးသွားခဲ့ပါတယ်။တစ်နှစ်နီးပါးအကြာမှာတော့ ခွေးတွေကို ထောင်ချောက်နဲ့ထောင်ဖမ်းပြီး ကယ်တင်တဲ့ Katie Campbell အမည်ရှိတဲ့အမျိုးသမီးက ထိုခွေးကို တွေ့ရှိခဲ့ပြီး သူမအားယုံကြည်လာစေဖို့ နေ့တိုင်းခွေးစာ နှစ်ကြိမ်ကျွေးခဲ့ပေမဲ့ ခွေးလေးက သူမရဲ့အကူအညီကို လက်မခံလိုဟန်ရှိနေခဲ့ပါတယ်။

 

ထို့နောက် ကြာသပတေးနေ့တိုင်းအမြဲပေါ်လာတတ်တဲ့ ခွေးလေးအား Campbell က သူမအိမ်ထဲခေါ်ထည့်ထားဖို့ တစ်နေ့ထောင်ချောက်ဆင်ကာ နောက်ဆုံး ဖမ်းနိုင်ခဲ့ပြီး အိမ်သို့ခေါ်ဆောင်သွားကာ သူ့အတွက် ရေနှင့် အစားအစာ အချို့ကို ကျွေးခဲ့ပါတယ်။ထောင်ချောက်တံခါးဖွင့်ပေးလိုက်တော့ ခွေးလေးက အမြီးလှုပ်ရင်း Campbell ရဲ့ပခုံးပေါ်မှာသူ့ရဲ့ခေါင်းကို အသာလေးတင်လိုက်ပါတယ်။

Campbell က ခွေးရဲ့ microchip မှ scan ဖတ်ပေးခဲ့ပြီး microchip ကုမ္ပဏီသို့ဖုန်းခေါ်တော့ အဆိုပါခွေးက Gracie ဖြစ်နေခဲ့ပါတယ်။

နောက်ဆုံး Gracie နဲ့ Shade တို့ပြန်လည်တွေ့ဆုံချိန်မှာ Gracie ဟာ Campbell ရဲ့ကားထဲကနေထွက်လာပြီး တစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့အမေကို ပြန်တွေ့ရတော့ ပင်ပန်းနွမ်းနယ်မှုတွေအားလုံး ဖြေဖျောက်သွားခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*