တစ်နှစ်ပြည့် Anniversary မှာ ချစ်သူကောင်လေးကို BMW ကားအသစ်၊ အိမ်အသစ်လေးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသမီး

တစ်နှစ်ပြည့် Anniversary မှာ ချစ်သူကောင်လေးကို BMW ကားအသစ်၊ အိမ်အသစ်လေးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသမီး

မကြာသေးမီက တရုတ်အမျိုးသမီးတစ်ဦးဟာ သူမရည်းစားကို တစ်နှစ်ပြည့် နှစ်ပတ်လည်ကာလအတွင်းမှာ လက်ထပ်ခွင့်တောင်းခဲ့တာကြောင့် ပျံ့နှံ့မှုဖြစ်ပွားခဲ့ပါတယ် ။ ဒါပေမယ့် မိန်ကလေးဖြစ်သူက ယောကျာ်းလေးကို ဦးဆုံးကမ်းလှမ်းခဲ့တာကြောင့် လူတိုင်းကိုအံ့အားသင့်စေရုံသာမက သူမဟာ BMW ကားအသစ်နဲ့ အိမ်အသစ်တစ်လုံးကိုလည်း ကမ်းလှမ်းခဲ့ပါတယ် ။

AsiaOne ရဲ့အဆိုအရ Xiaojing အမည်ရှိ ၂၄ နှစ်အရွယ်အမျိုးသမီးဟာ ဒီဇိုင်းရေးဆွဲရေးနယ်ပယ်မှာ အလုပ်လုပ်နေပါတယ် ။ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ‌သူမရဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့တဲ့ တစ်နှစ်ပြည့်နှစ်ပတ်လည်ကာလအတွင်း သူမချစ်သူကို ကမ်းလှမ်းခဲ့တာပါ ။Xiaojing က သူမရဲ့ကောင်လေး Xiaoke ကို ပြပွဲခန်းမသို့ လာရန် ပြောခဲ့ပါတယ် ။ Xiaoke ကလည်း သူမပြောတဲ့အတိုင်း အလွယ်တကူပြုလုပ်ခဲ့ပါတယ် ။ Xiaojing က ထိုအချိန်မှာ သူ့အတွက် ကြီးမားတဲ့ Surprise ပေးလိမ့်မယ်လို့ သူအနည်းငယ်မျှ သတိမပြုမိခဲ့ပါဘူး ။

သူဟာ ပြပွဲခန်းမသို့ရောက်တဲ့အခါ Xiaojing က မင်္ဂလာဆောင်ဝတ်စုံနဲ့ ပန်းများဝန်းရံလျက် သူ့အတွက် ကြီးမားတဲ့ပန်းစည်းကို ကိုင်ဆောင်လာတဲ့ Xiaojing ကို တွေ့လိုက်ရတဲ့အခါ သူအံ့အားသင့်ခဲ့ရပါတယ် ။ “ ဒါတွေအားလုံးကိုကျွန်မ ပြင်ဆင်ခဲ့တယ် ။ ဒီမှာကားတစ်စီးနဲ့ အိမ်တစ်လုံးက ရှင့်အတွက် ရှင့်မှာငွေရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျွန်မအတွက်အရေးမပါဘူး ။ ရှင်နဲ့ အမြဲတမ်း အတူရှိနေချင်တာတစ်ခုဘဲ ကျွန်မအလိုချင်ဆုံးပါ ။ ကျွန်မကို လက်ထပ်ခွင့်ပြုပါလား ?” လို့ Xiaojing က သူကို ပန်းစည်းပေးတဲ့အချိန်မှာ မေးခဲ့ပါတယ် ။

အဲ့လောက်ထိ ကိုယ့်အပေါ်ချစ်မြတ်နိုးတဲ့ မိန်းကလေးကို ဘယ်သူကမှ လက်လွှတ်ချင်ဦးမှာလဲ ။ “ဟုတ်ကဲ့ ,ကိုယ်လက်ထပ်ပါ့မယ်”လို့ Xiaoke က ပြန်ဖြေလိုက်ပါတယ် ။ ဒါပေမဲ့ အင်တာနက်အသုံးပြုသူတော်တော်များများက Xiaojing ဟာ Xiaoke ကို လက်ထပ်ခွင့်တောင်းတာက မသင့်လျော်ဘူးလို့ ပြောဆိုခဲ့ကြပါတယ် ။ ဒါပေမဲ့ ဒီမိန်းမပျိုရဲ့ရည်းစားက သူမအပေါ် အလေးထားပြီး အမြဲဂရုစိုက်တတ်သူဖြစ်ကြောင်း Xiaojing ပြန်လည်ပြောဆိုခဲ့ပါတယ် ။

Zawgyi

တစ္ႏွစ္ျပည့္ Anniversary မွာ ခ်စ္သူေကာင္ေလးကို BMW ကားအသစ္၊ အိမ္အသစ္ေလးနဲ႔ လက္ထပ္ခြင့္ေတာင္းခဲ့တဲ့ အမ်ိဳးသမီး

မၾကာေသးမီက တ႐ုတ္အမ်ိဳးသမီးတစ္ဦးဟာ သူမရည္းစားကို တစ္ႏွစ္ျပည့္ ႏွစ္ပတ္လည္ကာလအတြင္းမွာ လက္ထပ္ခြင့္ေတာင္းခဲ့တာေၾကာင့္ ပ်ံ႕ႏွံ႔မႈျဖစ္ပြားခဲ့ပါတယ္ ။ ဒါေပမယ့္ မိန္ကေလးျဖစ္သူက ေယာက်ာ္းေလးကို ဦးဆုံးကမ္းလွမ္းခဲ့တာေၾကာင့္ လူတိုင္းကိုအံ့အားသင့္ေစ႐ုံသာမက သူမဟာ BMW ကားအသစ္နဲ႔ အိမ္အသစ္တစ္လုံးကိုလည္း ကမ္းလွမ္းခဲ့ပါတယ္ ။

AsiaOne ရဲ႕အဆိုအရ Xiaojing အမည္ရွိ ၂၄ ႏွစ္အ႐ြယ္အမ်ိဳးသမီးဟာ ဒီဇိုင္းေရးဆြဲေရးနယ္ပယ္မွာ အလုပ္လုပ္ေနပါတယ္ ။ ဒီဇင္ဘာ ၁၁ ရက္ေန႔မွာ ‌သူမရဲ႕ေကာင္ေလးနဲ႔ ေတြ႕ဆုံခဲ့တဲ့ တစ္ႏွစ္ျပည့္ႏွစ္ပတ္လည္ကာလအတြင္း သူမခ်စ္သူကို ကမ္းလွမ္းခဲ့တာပါ ။Xiaojing က သူမရဲ႕ေကာင္ေလး Xiaoke ကို ျပပြဲခန္းမသို႔ လာရန္ ေျပာခဲ့ပါတယ္ ။ Xiaoke ကလည္း သူမေျပာတဲ့အတိုင္း အလြယ္တကူျပဳလုပ္ခဲ့ပါတယ္ ။ Xiaojing က ထိုအခ်ိန္မွာ သူ႔အတြက္ ႀကီးမားတဲ့ Surprise ေပးလိမ့္မယ္လို႔ သူအနည္းငယ္မွ် သတိမျပဳမိခဲ့ပါဘူး ။

သူဟာ ျပပြဲခန္းမသို႔ေရာက္တဲ့အခါ Xiaojing က မဂၤလာေဆာင္ဝတ္စုံနဲ႔ ပန္းမ်ားဝန္းရံလ်က္ သူ႔အတြက္ ႀကီးမားတဲ့ပန္းစည္းကို ကိုင္ေဆာင္လာတဲ့ Xiaojing ကို ေတြ႕လိုက္ရတဲ့အခါ သူအံ့အားသင့္ခဲ့ရပါတယ္ ။ “ ဒါေတြအားလုံးကိုကြၽန္မ ျပင္ဆင္ခဲ့တယ္ ။ ဒီမွာကားတစ္စီးနဲ႔ အိမ္တစ္လုံးက ရွင့္အတြက္ ရွင့္မွာေငြရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ကြၽန္မအတြက္အေရးမပါဘူး ။ ရွင္နဲ႔ အၿမဲတမ္း အတူရွိေနခ်င္တာတစ္ခုဘဲ ကြၽန္မအလိုခ်င္ဆုံးပါ ။ ကြၽန္မကို လက္ထပ္ခြင့္ျပဳပါလား ?” လို႔ Xiaojing က သူကို ပန္းစည္းေပးတဲ့အခ်ိန္မွာ ေမးခဲ့ပါတယ္ ။

အဲ့ေလာက္ထိ ကိုယ့္အေပၚခ်စ္ျမတ္ႏိုးတဲ့ မိန္းကေလးကို ဘယ္သူကမွ လက္လႊတ္ခ်င္ဦးမွာလဲ ။ “ဟုတ္ကဲ့ ,ကိုယ္လက္ထပ္ပါ့မယ္”လို႔ Xiaoke က ျပန္ေျဖလိုက္ပါတယ္ ။ ဒါေပမဲ့ အင္တာနက္အသုံးျပဳသူေတာ္ေတာ္မ်ားမ်ားက Xiaojing ဟာ Xiaoke ကို လက္ထပ္ခြင့္ေတာင္းတာက မသင့္ေလ်ာ္ဘူးလို႔ ေျပာဆိုခဲ့ၾကပါတယ္ ။ ဒါေပမဲ့ ဒီမိန္းမပ်ိဳရဲ႕ရည္းစားက သူမအေပၚ အေလးထားၿပီး အၿမဲဂ႐ုစိုက္တတ္သူျဖစ္ေၾကာင္း Xiaojing ျပန္လည္ေျပာဆိုခဲ့ပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*