တစ်နှစ်တစ်ခေါက် အစုလိုက်အပြုံလိုက် ပေါ်ထွက်လာတတ်တဲ့ သန်းနဲ့ချီတဲ့ အနီရောင်ဂဏန်းများ

တစ်နှစ်တစ်ခေါက် အစုလိုက်အပြုံလိုက် ပေါ်ထွက်လာတတ်တဲ့ သန်းနဲ့ချီတဲ့ အနီရောင်ဂဏန်းများ

အနီရောင်ဂဏန်းတွေ အစုလိုက်အပြုံလိုက် ပေါ်ထွက်လာတတ်တဲ့ကျွန်းကို ခရစ်စမတိကျွန်းလို့ ခေါ်ပြီး အဆိုပါကျွန်းဟာ သြစတြေးလျနိုင်ငံမှာ တည်ရှိပါတယ် ။ ကျွန်းပတ်ပတ်လည် တောင်တန်းတွေနဲ့ဝိုင်းရံထားပြီး အမြဲစိမ်းစိုနေခဲ့တဲ့ ကျွန်းလေးပါ ။ အဆိုပါကျွန်းမှာရှိတဲ့ အနီရောင်ဂဏန်းတွေဟာ တစ်နှစ်တစ်ခေါက် သားပေါက်ဖို့ ပင်လယ်ဆီကိုခရီးထွက်လေ့ရှိကြပါတယ် ။

အရင်ဦးဆုံး အထီးတွေက ပင်လယ်ဘက်ကိုအရင်သွားပြီး 5/6 ရက်လောက်အကြာမှ အမတွေက ပင်လယ်နားသို့ ရောက်လာခဲ့ကြတာပါ ။ အမတွေရောက်ရှိလာချိန်မှာတော့ အထီးတွေက ပိုပြီးများပြားလာခဲ့ပါတယ် ။သို့ပေမဲ့လည်း သူတို့ရဲ့ခရီးလမ်းက အတော်ကြမ်းတမ်းခဲ့ပါတယ် ။ အကြောင်းကတော့ ကားတွေ ၊ လူတွေ နဲ့ အခြားအရာတွေကြောင့်ပါ ။

ဒါကြောင့် ဒေသခံတွေက ဂဏန်းလေးတွေအတွက် တူးမြောင်း တွေ ၊ တံတားတွေ ဆောက်လုပ်ပေးပြီး ကားတွေကိုရှောင်းရှားနိုင်အောင်ပြုလုပ်ပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ဒေသခံတွေကတော့ အဆိုပါဂဏန်းတွေကို ထူးထူးဆန်းဆန်းလို့ မမြင်နေခဲ့ကြပါဘူး ။ တစ်နှစ်တစ်ကြိမ် အောက်တိုဘာလခန့်မှာဆိုရင် အမြဲဖြစ်နေကြအချိန်မို့ပါ ။ ရဲအရာရှိတွေဆိုရင် ဂဏန်းတွေ အန္တရာယ်မဖြစ်အောင် ကားလမ်းယာယီပိတ်ထားခဲ့တာမျိုးလည်း ရှိပါတယ် ။

#4

#5

#6

#7

#8

#9

#10

#11

#12

#13

#14

#15

 

Be the first to comment

Leave a Reply

Your email address will not be published.


*