တစ်နှစ်တစ်ကြိမ် ဘဲပေါက်စလေးတွေကိုအမြဲ ဆေးရုံသို့အလည်ခေါ်လာလေ့ရှိတဲ့ ဘဲမေမေ

တစ်နှစ်တစ်ကြိမ် ဘဲပေါက်စလေးတွေကိုအမြဲ ဆေးရုံသို့အလည်ခေါ်လာလေ့ရှိတဲ့ ဘဲမေမေ

ပြီးခဲ့တဲ့ အပတ်က နယူးယောက်မြို့ရှိ Rochester Thompson ဆေးရုံကို မာမီဘဲလေးက သူမရဲ့ ကလေးပေါက်စတွေနဲ့ လူနာတွေကိုကြည်နူးဖွယ်ကောင်းစေတဲ့ ချီတက်ပွဲတစ်ခုလုပ်ခဲ့ပါတယ်။ “နှစ်စဉ်နှစ်တိုင်း မာမီဘဲကြီးက ကျွန်တော်တို့ရဲ့ စောင့်ရှောက်ရေးစင်တာကို သူမရဲ့ ဘဲပေါက်စ ကလေးတွေနဲ့ ခေါ်လာပြီး သူမရဲ့ ကလေးများကို ဂရုစိုက်ရန် ဖြစ်ပါတယ်။

မာမီဘဲလေးက နွေဦးရာသီရဲ့ နှစ်ပတ်လည် နံနက်ခင်းတိုင်း မှာ အသံလေးတွေနဲ့ ကျွန်တော်တို့ကို အသိပေးခဲ့ပါတယ် ” လို့ ဆေးရုံ ဝန်ထမ်းတွေက ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မျှဝေခဲ့ကြပါတယ်။ သူတို့ချီတက်ပွဲပြီးတာ နဲ့ ကလေးတွေကို ဆေးရုံရဲ့စင်္ကြံ အပြင်ဘက်တံခါးက ဆေးရုံရဲ့နောက်မြက်ခင်းပြင်ထဲကို သွားရန် ကလေးတွေက သူမိခင်ရဲ့ နောက်ကိုလိုက်နေကြပါတယ်။

နှစ်တိုင်းနှစ်တိုင်းဘဲ ဆေးရုံဝန်ဆောင်မှုဌာနက ဝန်ထမ်းတွေဟာ မာမီဘဲကြီးနဲ့ သူ့ရဲ့ကလေးတွေကို ညင်ညင်သာသာလမ်းပြပေးဖို့ ဆိုင်းဘုတ်ဟောင်းတွေကို သုံးပါတယ်။ ယခုနှစ် နွေဦးရာသီမှာ မာမီဘဲဟာ သူရဲ့ဘဲကောင် (၁၃) ကောင်ကို နှစ်စဉ် ခေါ်ဆောင်လာခဲ့ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*