တစ်နှစ်ကျော်ခွဲခွာရပြီး ပြန်တွေ့ချိန် အပြေးလွှားပြေးဖက်ခဲ့ကြသော ကလေးငယ်စုံတွဲနှစ်ဦးဧ။် ကြည်နူးဖွယ် မြင်ကွင်းလေး

တစ်နှစ်ကျော်ခွဲခွာရပြီး ပြန်တွေ့ချိန် အပြေးလွှားပြေးဖက်ခဲ့ကြသော ကလေးငယ်စုံတွဲနှစ်ဦးဧ။် ကြည်နူးဖွယ် မြင်ကွင်းလေး

လူတိုင်းတွင် ငယ်စဥ်ကတည်းက ချစ်မြတ်နိုးရသော ငယ်ချစ်ဦးများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာခြင်းတွေနှင့် ကြုံဖူးကြပြီး တစ်ကြိမ်တစ်ခါလောက် ဖြစ်ဖြစ် ပြန်ဆုံတွေ့ချင်မိကြမည်ဟု ထင်မိပါသည်။

သို့ဖြစ်၍ အမေရိကန်ပြည်ထောင်စုရှိ စစ်တပ်တစ်ခုမှ မွေးဖွားလာပြီး တူတူကြီးပြင်းခဲ့သော အသက် ၅နှစ်အရွယ် ကောင်လေးနှင့် ကောင်မလေးတို့သည် တစ်ယောက်နှင့်တစ်ယောက် အရမ်းကို ချစ်ကြပြီး ကစားဖော်ကစားဖက်အပြင် ပို၍ရင်းနှီးသော သံယောဇဥ်များရှိခဲ့ကြသည်။

ထို့နောက် သူတို့နှစ်ဦးသည် စစ်တပ်မိသားစုမှ မွေးဖွားလာ၍ ပြောင်းရွှေ့မှုတစ်ခုကြောင့် ကွဲကွာခဲ့ရပြီး တစ်နှစ်ကျော်ကြာသည့်အခါ လေဆိပ်တစ်ခုတွင် အမှတ်မထင်ပဲ ပြန်ဆုံတွေ့ခဲ့သည်။ကောင်မလေးအား မိခင်ဖြစ်သူမှ လက်လေးဆွဲကာ လမ်းလျှောက်နေစဥ် လှမ်းမြင်ခဲ့၍ နာမည်ခေါ်ရင်း နှစ်ယောက်သား နွေးထွေးစွာ ပြေးဖက်ခဲ့ကြသည်။

လူကြီးမိဘများပင် သံယောဇဥ်ကြီးစွာ ချစ်ခင်ရင်းနှီးမှုတွေအပြည့်နှင့် ကလေးနှစ်ယောက်ဧ။် မြင်ကွင်းကို ကြည့်ရင်း မျက်ရည်များကျခဲ့သည်။

Zawgyi

တစ္ႏွစ္ေက်ာ္ခြဲခြာရၿပီး ျပန္ေတြ႕ခ်ိန္ အေျပးလႊားေျပးဖက္ခဲ့ၾကေသာ ကေလးငယ္စုံတြဲႏွစ္ဦးဧ။္ ၾကည္ႏူးဖြယ္ ျမင္ကြင္းေလး

လူတိုင္းတြင္ ငယ္စဥ္ကတည္းက ခ်စ္ျမတ္ႏိုးရေသာ ငယ္ခ်စ္ဦးမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဝးကြာျခင္းေတြႏွင့္ ႀကဳံဖူးၾကၿပီး တစ္ႀကိမ္တစ္ခါေလာက္ ျဖစ္ျဖစ္ ျပန္ဆုံေတြ႕ခ်င္မိၾကမည္ဟု ထင္မိပါသည္။

သို႔ျဖစ္၍ အေမရိကန္ျပည္ေထာင္စုရွိ စစ္တပ္တစ္ခုမွ ေမြးဖြားလာၿပီး တူတူႀကီးျပင္းခဲ့ေသာ အသက္ ၅ႏွစ္အ႐ြယ္ ေကာင္ေလးႏွင့္ ေကာင္မေလးတို႔သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ အရမ္းကို ခ်စ္ၾကၿပီး ကစားေဖာ္ကစားဖက္အျပင္ ပို၍ရင္းႏွီးေသာ သံေယာဇဥ္မ်ားရွိခဲ့ၾကသည္။

ထို႔ေနာက္ သူတို႔ႏွစ္ဦးသည္ စစ္တပ္မိသားစုမွ ေမြးဖြားလာ၍ ေျပာင္းေ႐ႊ႕မႈတစ္ခုေၾကာင့္ ကြဲကြာခဲ့ရၿပီး တစ္ႏွစ္ေက်ာ္ၾကာသည့္အခါ ေလဆိပ္တစ္ခုတြင္ အမွတ္မထင္ပဲ ျပန္ဆုံေတြ႕ခဲ့သည္။ေကာင္မေလးအား မိခင္ျဖစ္သူမွ လက္ေလးဆြဲကာ လမ္းေလွ်ာက္ေနစဥ္ လွမ္းျမင္ခဲ့၍ နာမည္ေခၚရင္း ႏွစ္ေယာက္သား ေႏြးေထြးစြာ ေျပးဖက္ခဲ့ၾကသည္။

လူႀကီးမိဘမ်ားပင္ သံေယာဇဥ္ႀကီးစြာ ခ်စ္ခင္ရင္းႏွီးမႈေတြအျပည့္ႏွင့္ ကေလးႏွစ္ေယာက္ဧ။္ ျမင္ကြင္းကို ၾကည့္ရင္း မ်က္ရည္မ်ားက်ခဲ့သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*