တစ်နေ့ကို တစ်ကြိမ်သာ အစာစားပြီး ခါးသေးငယ်အောင် နေ့စဉ်နေ့တိုင်း ကိုယ်လုံးလှစေတဲ့ခါးပတ်ကို အမြဲဝတ်လေ့ရှိတဲ့ မိန်းကလေး (ရုပ်သံ)

တစ်နေ့ကို တစ်ကြိမ်သာ အစာစားပြီး ခါးသေးငယ်အောင် နေ့စဉ်နေ့တိုင်း ကိုယ်လုံးလှစေတဲ့ခါးပတ်ကို အမြဲဝတ်လေ့ရှိတဲ့ မိန်းကလေး (ရုပ်သံ)

ဗီယက်နမ်ဖွား အမျိုးသမီးငယ်တစ်ဦးဟာ တစ်နေ့လျှင် တစ်ကြိမ်သာအစာစားခြင်းနဲ့ တစ်ချိန်လုံးနီးပါး corset ဝတ်ခြင်းဖြင့် သူအရဲ့ခါးကို ၄၆ စင်တီမီတာအထိ လျော့ချရန် အစွမ်းကုန်ကြိုးစားခဲ့ပါတယ် ။ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ဗီယက်နမ်ဖွား အချိန်ပိုင်းအကသမားတစ်ဦး An Ky ကို ဆောင်းရာသီရဲ့ အမေရိကန်ခရီးစဉ်အတွင်းမှာ နာမည်ကြီးဗီယက်နမ်အနုပညာရှင် Thuy Nga က သူမနဲ့ တွေ့ဆုံးမေးမြန်းခဲ့ပါတယ် ။ Ky အလုပ်လုပ်နေတဲ့ နို့လက်ဖက်ရည် Cafe ကို ဗီယက်နမ်အနုပညာရှင်Thuy Nga က သူမရဲ့မရုံနိုင်လောက်အောင် သေးငယ်တဲ့ ခါးကို သတိပြုမိပြီး ၎င်းနဲ့ ပတ်သက်ပြီး ဗီဒီယိုတစ်ခုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။

သူမက Ky ရဲ့ခါးပတ်လည်ကို ပြသပြီးသူမရဲ့ခါးဟာ ၄၆ စင်တီမီတာအထိကျဆင်းသွားပုံနဲ့ သူမခါးကို ဘယ်လိုပုံစံနဲ့ ထိန်းသိမ်းထားတယ် စတဲ့ မေးခွန်းအနည်းငယ်ကိုလည်း Thuy Nga က သူမကို မေးမြန်းခဲ့ပါတယ် ။အချိန်ပိုင်းအကသမား Ky က သူမအသက် ၁၈ နှစ်အရွယ်မှာ အပြောင်းအလဲတစ်ခု စတင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ။ သူမရဲ့ ကိုယ်အလေးချိန်က ၅၀ ရှိပြီး ခါးပတ်လည်က ၆၀ စင်တီမီတာကျော်ပါတယ် ။

ဒါပေမယ့် ဒီနေ့မှာ သူမရဲ့ ကိုယ်အလေးချိန်က ၃၇ ကီလိုဂရမ်ရှိပြီး ခါးပတ်လည်ကတော့ ၄၆ စင်တီမီတာရှိပါတယ် ။ သူမရဲ့ ခါးပတ်လည် အရွယ်အစားကို လျော့ချဖို့ အသက် ၂၆ နှစ်အရွယ် An Ky က တစ်နေ့ကို သုံးကြိမ်ထမင်းစားပြီး၊ တစ်ခါတစ်ရံမှာ နှစ်ရက်ကို တစ်ကြိမ်သာ စားပါတယ် ။ ဒါ့အပြင် သူမက လွန်ခဲ့တဲ့ ၂ နှစ်က ကစီဓာတ်ပါတဲ့ အစားအစာများကို ရှောင်ပြီး နေ့စဉ်နေ့တိုင်း ခါးပတ်နဲ့ သူမရဲ့ခါးကို တင်းကြပ်စွာ ဝတ်ဆင်ထားခဲ့ပါတယ် ။

Ky က သူမရဲ့ကျန်းမာရေးကို အကျိုးသက်ရောက်စေမဲ့ ဟင်းသီးဟင်းရွက်များ၊ ကြက်ရင်နဲ့ သစ်သီးမြောက်များစွာကို စားတယ်လို့ ဆိုပါတယ် ။ သူမအတွက် ပြဿနာတစ်ခုက ဘောင်းဘီအသစ်ဝယ်တဲ့အခါမှာ သူမရဲ့ခါး side နဲ့ ညီအောင် ပြန်လည်ပြုပြင်ခဲ့ရပါတယ် ။

Thuy Nga ရဲ့ ဗီဒီယိုကို ဇန်နဝါရီလမှာ YouTube ပေါ် တင်ခဲ့ပြီး မကြာမီကပင် An Ky ရဲ့ခါးအကြောင်းဟာ social media မှာ ပျံ့နှံ့သွားခဲ့ပါတယ် ။ ယေဘုယျအားဖြင့် အများပြည်သူထံမှ မှတ်ချက်တွေက သူမကို ကြည့်ရတာ သဘာဝမကျကြောင်း၊ အချို့က သူမရဲ့ ခါးကိုတင်းကျပ်ခြင်းဟာ ရေရှည်မှာ သူမရဲ့ကိုယ်တွင်းအင်္ဂါများကို ဆိုးကျိုးသက်ရောက်နိုင်တယ်လို့ ဆိုကြပါတယ် ။

Zawgyi

တစ္ေန႔ကို တစ္ႀကိမ္သာ အစာစားၿပီး ခါးေသးငယ္ေအာင္ ေန႔စဥ္ေန႔တိုင္း ကိုယ္လုံးလွေစတဲ့ခါးပတ္ကို အၿမဲဝတ္ေလ့ရွိတဲ့ မိန္းကေလး (႐ုပ္သံ)

ဗီယက္နမ္ဖြား အမ်ိဳးသမီးငယ္တစ္ဦးဟာ တစ္ေန႔လွ်င္ တစ္ႀကိမ္သာအစာစားျခင္းနဲ႔ တစ္ခ်ိန္လုံးနီးပါး corset ဝတ္ျခင္းျဖင့္ သူအရဲ႕ခါးကို ၄၆ စင္တီမီတာအထိ ေလ်ာ့ခ်ရန္ အစြမ္းကုန္ႀကိဳးစားခဲ့ပါတယ္ ။ အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္တဲ့ ဗီယက္နမ္ဖြား အခ်ိန္ပိုင္းအကသမားတစ္ဦး An Ky ကို ေဆာင္းရာသီရဲ႕ အေမရိကန္ခရီးစဥ္အတြင္းမွာ နာမည္ႀကီးဗီယက္နမ္အႏုပညာရွင္ Thuy Nga က သူမနဲ႔ ေတြ႕ဆုံးေမးျမန္းခဲ့ပါတယ္ ။ Ky အလုပ္လုပ္ေနတဲ့ ႏို႔လက္ဖက္ရည္ Cafe ကို ဗီယက္နမ္အႏုပညာရွင္Thuy Nga က သူမရဲ႕မ႐ုံႏိုင္ေလာက္ေအာင္ ေသးငယ္တဲ့ ခါးကို သတိျပဳမိၿပီး ၎နဲ႔ ပတ္သက္ၿပီး ဗီဒီယိုတစ္ခုျပဳလုပ္ရန္ ဆုံးျဖတ္ခဲ့ပါတယ္ ။

သူမက Ky ရဲ႕ခါးပတ္လည္ကို ျပသၿပီးသူမရဲ႕ခါးဟာ ၄၆ စင္တီမီတာအထိက်ဆင္းသြားပုံနဲ႔ သူမခါးကို ဘယ္လိုပုံစံနဲ႔ ထိန္းသိမ္းထားတယ္ စတဲ့ ေမးခြန္းအနည္းငယ္ကိုလည္း Thuy Nga က သူမကို ေမးျမန္းခဲ့ပါတယ္ ။အခ်ိန္ပိုင္းအကသမား Ky က သူမအသက္ ၁၈ ႏွစ္အ႐ြယ္မွာ အေျပာင္းအလဲတစ္ခု စတင္လုပ္ဖို႔ဆုံးျဖတ္လိုက္ပါတယ္ ။ သူမရဲ႕ ကိုယ္အေလးခ်ိန္က ၅၀ ရွိၿပီး ခါးပတ္လည္က ၆၀ စင္တီမီတာေက်ာ္ပါတယ္ ။

ဒါေပမယ့္ ဒီေန႔မွာ သူမရဲ႕ ကိုယ္အေလးခ်ိန္က ၃၇ ကီလိုဂရမ္ရွိၿပီး ခါးပတ္လည္ကေတာ့ ၄၆ စင္တီမီတာရွိပါတယ္ ။ သူမရဲ႕ ခါးပတ္လည္ အ႐ြယ္အစားကို ေလ်ာ့ခ်ဖို႔ အသက္ ၂၆ ႏွစ္အ႐ြယ္ An Ky က တစ္ေန႔ကို သုံးႀကိမ္ထမင္းစားၿပီး၊ တစ္ခါတစ္ရံမွာ ႏွစ္ရက္ကို တစ္ႀကိမ္သာ စားပါတယ္ ။ ဒါ့အျပင္ သူမက လြန္ခဲ့တဲ့ ၂ ႏွစ္က ကစီဓာတ္ပါတဲ့ အစားအစာမ်ားကို ေရွာင္ၿပီး ေန႔စဥ္ေန႔တိုင္း ခါးပတ္နဲ႔ သူမရဲ႕ခါးကို တင္းၾကပ္စြာ ဝတ္ဆင္ထားခဲ့ပါတယ္ ။

Ky က သူမရဲ႕က်န္းမာေရးကို အက်ိဳးသက္ေရာက္ေစမဲ့ ဟင္းသီးဟင္း႐ြက္မ်ား၊ ၾကက္ရင္နဲ႔ သစ္သီးေျမာက္မ်ားစြာကို စားတယ္လို႔ ဆိုပါတယ္ ။ သူမအတြက္ ျပႆနာတစ္ခုက ေဘာင္းဘီအသစ္ဝယ္တဲ့အခါမွာ သူမရဲ႕ခါး side နဲ႔ ညီေအာင္ ျပန္လည္ျပဳျပင္ခဲ့ရပါတယ္ ။

Thuy Nga ရဲ႕ ဗီဒီယိုကို ဇန္နဝါရီလမွာ YouTube ေပၚ တင္ခဲ့ၿပီး မၾကာမီကပင္ An Ky ရဲ႕ခါးအေၾကာင္းဟာ social media မွာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္ ။ ေယဘုယ်အားျဖင့္ အမ်ားျပည္သူထံမွ မွတ္ခ်က္ေတြက သူမကို ၾကည့္ရတာ သဘာဝမက်ေၾကာင္း၊ အခ်ိဳ႕က သူမရဲ႕ ခါးကိုတင္းက်ပ္ျခင္းဟာ ေရရွည္မွာ သူမရဲ႕ကိုယ္တြင္းအဂၤါမ်ားကို ဆိုးက်ိဳးသက္ေရာက္ႏိုင္တယ္လို႔ ဆိုၾကပါတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*