တစ်နေကုန် ဈေးအနှံလျှောက်သွားကာ ခေါင်းစီးကွင်းလေးတွေကို လိုက်ရောင်းရင်းဖြင့် သမီးလေးဦးကို ဘွဲ့ရအောင် ကျောင်းထားပေးနိုင်ခဲ့သည့် လေးစားဖွယ်ဖခင်တစ်ဦး

တစ်နေကုန် ဈေးအနှံလျှောက်သွားကာ ခေါင်းစီးကွင်းလေးတွေကို လိုက်ရောင်းရင်းဖြင့် သမီးလေးဦးကို ဘွဲ့ရအောင် ကျောင်းထားပေးနိုင်ခဲ့သည့် လေးစားဖွယ်ဖခင်တစ်ဦး

မိဘဖြစ်သူတို့သည် မိမိတို့၏ သားသမီးလေးများ ဘဝလမ်းခရီးတစ်လျှောက်လုံးကို အဆင်ပြေစေနိုင်ရန်အတွက် အလိုအပ်ဆုံးသော အသိပညာနှင့် အတတ်ပညာများကို သင်ကြားနိုင်အောင် ကြိုးစားပေးတတ်ကြပါတယ်။

သားသမီစလေးတွေကို ကျောင်းထားပေးနိုင်ရန် မိဘတို့သည် ရရာအလုပ်ကို လုပ်ကိုင်နိုင်ကြပြီး သိမ်ငယ်သောအလုပ်ဟူ၍ စဥ်းစားမိလိမ့်မည်မဟုတ်ပေ။

ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ ဖခင်ဆစ်ဦးသည် သားသမီးလေးဦးလုံးကို ပညာတတ်ဘွဲ့ရများဖြစ်စေရန်အတွက် ခေါင်းစီးကွင်းလေးတွေကို ရောင်းချပြီး ကျောင်းထားပေးခဲ့တာဖြစ်ပါတယ်။သားသမီးလေးဦးလုံး ဘွဲ့ရသွားသောကြောင့် ဖခင်ဖြစ်သူကို အလုပ်မလုပ်တော့ဘဲ အနားယူရန် ပြောသော်လည်း လက်မခံဘဲ ယခုချိန်ထိ ရောင်းချနေသေးတာဖြစ်ပါတယ်။

 

အမျိုးသားဟာ ခေါင်းစီးကွင်းလေးတွေကို တစ်နေကုန်လှည့်လည်ရောင်းချနေခဲ့တာဖြစ်ပြီး ညနေမိုးချုပ်မှသာ အိမ်သို့ပြန်တတ်တာလို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*