
တစ်နေကုန် ကျောင်းသွားနေရပြီး ညနေအချိန်လေးတွင် မသန်စွမ်းမိခင်နှင့်အတူ ထီများကို လိုက်လံရောင်းချပြီး ဝမ်းရေးအတွက် ရှာဖွေနေရသော်လည်း ပျော်ရွင်နေသည့်ကလေး
ကမ္ဘာပေါ်ရှိ လူသားတိုင်း၏ ဘဝသည် လွယ်ကူနေသည်မဟုတ်ပဲ ကြိုးစားမှုများကြောင့်သာ အရာရာတွင် အဆင်ပြေလာခဲ့ခြင်းဖြစ်ပေသည်။ယခုတွင်လည်း Hoaဟုအမည်ရသည့် ကောင်မလေးတစ်ဦးသည် နေ့ခင်းအချိန်ပိုင်းတွင် ကျောင်းသို့သွားကာ ဘဝအတွက် လိုအပ်နေသော ပညာများကို သင်ကြားနေရသည်။
ကျောင်းမှပြန်ရောက်လာသည်နှင့် ကောင်မလေးဟာ မသန်စွမ်းမိခင်နှင့်အတူ ဘီးတပ်ကုလားထိုင်လေးကိုတွန်းပြီး ဘဝ၏ဝမ်းစာအတွက် လိုအပ်နေသော ငွေကြေးများရှာဖွေရန် ကြိုးစားရပြန်ပါတယ်။ကလေးမလေး၏ ဘဝဟာ ပင်ပန်းခက်ခဲလှသော်လည်း အပြုံးပျက်ခြင်းမရှိဘဲ မိခင်နှင့်အတူ ပျော်ရွင်စွာဖြင့် ဖြတ်သန်းနေခဲ့ပါတယ်။
ကလေးမလေး၏ ခက်ခဲပင်ပန်းမှုတွေကြားမှ ပြုံးပျော်ရွင်နေသော အပြုံးလေးသည် မသိရှိသူများအတွက် အပူအပင်ကင်းနေသကဲ့သို့ ချစ်စရာလည်း ကောင်းနေခဲ့ပါတယ်။ကလေးကပင် အခက်အခဲများကို အပြုံးလေးဖြင့် ရင်ဆိုင်ရမည်ကို သိရှိနေခဲ့ပါတယ်။
Zawgyi
Leave a Reply